09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
Price
From$3,550
Booking Form
Enquiry Form
Full Name*
Email Address*
Your Enquiry*
* I aggree with Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step
The tour is not available yet.

Proceed Booking

Save To Wish List

Adding item to wishlist requires an account

2081

Why Book With Us?

  • No-hassle best price guarantee
  • Customer care available 24/7
  • Hand-picked Tours & Activities
  • Free Travel Insureance

Get a Question?

Do not hesitage to give us a call. We are an expert team and we are happy to talk to you.

09 782010000

info@businessplustravel.com

Scandinavia Countries – 11 Days

0
  • 11 Days
  • Dec 25’ - Jan 4'
  • Pickup: Airpot

Departure & Return Location

Yangon International Airport

Departure Time

3 Hours Before Flight Time

Price Includes

  • Air fares
  • 3 Nights Hotel Accomodation
  • Tour Guide
  • Entrance Fees
  • All transportation in destination location

Price Excludes

  • Guide Service Fee
  • Driver Service Fee
  • Any Private Expenses
  • Room Service Fees
Photos
Itinerary

Day (1) (25/12/2019) Departure Yangon

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ကြိုဆိုအပ်ပါတယ်။ စိတ်လှုပ်ရှားစရာများစွာနှင့် စကင်ဒီနီးဗီးယားခရီးစဉ်စတင်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ထွက်ခွာအဆောက်အအုံသစ်(Terminal-1) မှာ Tour Leader နှင့်အတူည(၁၁:၀၀)နာရီတွင်ခရီးအတူသွားမည့်မိတ်ဆွေများနှင့် ဆုံတွေ့ကြရတော့မှာဖြစ်ပါတယ်။

Day 2 (26/12/2019) Doha City Tour - Copenhagen Arrival (Denmark)

ရန်ကုန်မှ Qatar လေကြောင်းလိုင်းဖြင့် မနက် (၀၁:၀၅) နာရီတွင် ခရီးစတင်မှာဖြစ်ပြီး၊ ကာတာနိုင်ငံဒိုဟာမြို့သို့ နံနက်(၄:၅၅)နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ကာတာ လေဆိပ်တွင် လိုအပ်သောလူဝင်မှုရေးရာများဆောင်ရွက်ပြီးနောက်၊ နံနက်စာအား အိန္ဒိယဆိုင်တွင်သုံးဆောင်ပြီး၊ ဒိုဟာမြို့အတွင်းစတင် လည်ပတ်မှာ ဖြစ်ပါတယ်။ ၂၀၂၂-ကမ္ဘာ့ဖလားဘောလုံးပွဲဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပမည့်ဘောလုံးကွင်းနှင့် ဒိုဟာအားကစားမြို့၊ ဖန်တီးတည်ဆောက်ထားသော လူလုပ်ကျွန်း The Pearl Qatar နှင့် ဒေါ်လာသန်းချီတန်ဖိုးရှိသည့် လူနေအိမ်ရာများ၊ လှပတဲ့ဒိုဟာမြို့၏ မိုးမျှော်တိုက်တာ အဆောက်အအုံများနှင့် အပန်းဖြေကမ်းခြေ များသို့ အနားယူလည်ပတ်ပြီးနောက်၊ ညနေ(၀၃:၃၅)နာရီတွင်လေယာဉ်ဖြင့်ဒိုဟာလေဆိပ်မှတဆင့်ဒိန်းမတ်နိုင်ငံ၏မြို့တော် ကိုပင်ဟေဂင်နိုင်ငံတကာလေဆိပ်သို့ပြန်လည်ထွက်ခွာမှာဖြစ် ည(၉:၀၅)နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ကမ္ဘာ့သက်တမ်းအကြာဆုံးဘုရင်အုပ်စိုးခဲ့တဲ့ သမိုင်းဝင် မြို့တော်ကြီးက ခမ်းနားလှတဲ့ တော်ဝင်အဆောက်အဦးများက မိတ်ဆွေအားကြိုဆိုနေမှာ ဖြစ်ပါတယ်။ ထို့နောက် Scandic Sydhavnan ဟိုတယ်(သို့) အဆင့်တူဟိုတယ်တွင်တစ်ညတာတည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 3 (27/12/2019) Canal Cruise – Copenhagen City Tour-Stroget (Overnight Cruise Ferry to Oslo) (Denmark)

ဟိုတယ်တွင် နံနက်စာအား စကင်ဒီနီးဗီယားဘူဖေးဖြင့် သုံးဆောင်ပြီးနောက်၊ Grand Canal Cruise အပျော်စီးသဘောၤအား တစ်နာရီကြာ စီးနင်းမှာဖြစ်ပါတယ်။ Hans Christian Andersen ရဲ့ ဒဏ္ဍာရီပုံပြင်လာ ရေသူမကျောက်ရုပ်အား သွားရောက်ကြည့်ရှုလည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် မြို့တွင်း Stroget ဈေးတန်းသို့လည်ပတ်ပြီး ဒိန်းမတ်တော်ဝင် မိသားစုများ၏ စိတ်ဝင်စားစရာ နောက်ခံအကြောင်းအရာလေးများအား နားထောင်ရင်း၊ တော်ဝင်မိသားစုများနေထိုင်သည့် နာမည်ကျော် အမ်မလီယန်ဘော့ (Amalienborg) နန်းတော်သို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Nyhavn ပင်လယ်ဆိပ်ကမ်းတွင်ရှိသော ဒိန်းမတ်အစိုးရ၏ ပါလီမန်လွှတ်တော်ခရစ္စတီယန်ဘော့(Christiansborg Palace) နန်းတော်အဆောက်အအုံသို့သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ ထို့နောက် တရုတ်စားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက်၊ ကိုပင်ဟေဂင်မြို့အား ဖြတ်သန်းကြည့်ရှုလည်ပတ်ပြီးနောက်၊ နော်ဝေနိုင်ငံ၏ မြို့တော်အော်စလိုမြို့သို့သဘောၤစီးရန်သွားရောက်မှာဖြစ်ပါတယ်။ ညနေစာအား DFDS Seaways သဘောၤကြီးပေါ်တွင် group ဘူဖီးဖြင့်သုံးဆောင်မှာဖြစ်ပြီး၊ အော်စလိုမြို့သို့ချီတက်သည့်ညရဲ့ အရသာကိုသင်္ဘောကြီးပေါ်တွင်ငြိမ့်ငြိမ့်လေး ခံစားရမှာဖြစ်ပါတယ်။

Day 4 (28/12/2019)Oslo City tour (NORWAY)

တည်းခိုသည့် Scandic Formebu (or) Similar ဟိုတယ်သို့ ပြန်ကာ၊ ပင်ပန်းခဲ့သမျှ အနားယူမှာဖြစ်ပါတယ်။ နံနက်စာအား DFDS Seaways သင်္ဘောပေါ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ အော်စလိုမြို့သို့ သဘောင်္ဆိုက်ရောက်မှာဖြစ်ပြီး၊ လူသားများ မဖျက်ဆီး မထိ မတို့ရသေးသည့်
သဘာဝသစ်တောများ၊ ကျွန်းများ၊ တောင်ချောက်ကမ်းပါးများနှင့်အတူ တောင်တန်းများဝိုင်းရံထားသည့် ဥရောပ၏အလှဆုံးမြို့ တစ်မြို့ဖြစ်သည့် အော်စလိုမြို၏ အထင်ကရနေရာများအား စတင်လည်ပတ်မှာဖြစ်ပါတယ်။ နာမည်ကြီး Vigeland Sculpture park & museum
သို့သွားရောက်လည်ပတ်မှာဖြစ်ပြီး၊ Gustav Vigeland မှဖန်တီးထားသော temporary art လူသားများ၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစသော အမူအရာအမျိုးမျိုး အားဖန်တီးထားသော အနုပညာပန်းခြံကြီးပဲဖြစ်ပါတယ်။ ထိုမှတဆင့် မြို့တခုလုံးအား လည်ပတ်ကြည့်ရှုပြီးနောက်၊ နေ့လည်စာအား တရုတ်စားသောက်ဆိုင်တွင်သုံးဆောင်မှာဖြစ်ပါတယ်။ ထို့နောက်ကမ္ဘာ့သက်တမ်းအရင့်ဆုံး နာမည်ကျော်ပိုလာသင်္ဘောနှင့်သဘောင်္ပတြိုက်(ဝင်ကြေးပါပြီး) Fram Museum သို့သွားရောက်လည်ပတ်ကြည့်ရှုလေ့လာမှာဖြစ်ပါတယ်။ ထိုမှတဆင့်တရုတ်စားသောက်ဆိုင်တွင်ညနေစာ သုံးဆောင်မှာဖြစ်ပါတယ်။

Day (5) (29/12/2019) Oslo- Bergen [City tour of Bergen Funicular Train ride] (NORWAY)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ စကင်ဒီနီးဗီးယားဒေသရဲ့ ခရီးသွားမြို့ဖြစ်သည့် Bergen မြို့သို့သွားရောက်မျာဖြစ်ပါတယ်။ တောင်တန်းတွေနဲ့ ဝိုင်းရံပြီး၊ ဥရောပရဲ့ အကြီးမားဆုံး ရေခဲမြစ်ရှိရာ နေရာဖြစ်သည့် Bergen မြို့အား ဒေသခံဧည့်လမ်းညွှန်နဲ့အတူ စတင်လည်ပတ်မှာဖြစ်ပြီး၊ နော်ဝေးရဲ့ နာမည်ကြီး ဆိပ်ကမ်း၊ ငါးဈေးနဲ့ လဟာပြင်ဈေးသို့သွားရောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် နှစ်လိုဖွယ်ကောင်းပြီး ပိုစတာတွေထဲမှာ မြင်တွေ့ရလေ့ရှိသည့် အစိမ်းရောင်မြက်ခင်းတွေနဲ့ တောင်တန်းတွေရှိတဲ့ နာမည်ကြီး fjords ရေခဲမြစ်နဲ့ Bergen တောင်ကြီးခုနစ်တောင်ကြားရှိ လှပသည့်ဆိပ်ကမ်းသို့ သွားရောက်မှာဖြစ်ပါတယ်။ ထို့နောက် နေ့လည်စာအား ဒေသအစားအစာဖြင့် သုံးဆောင်ပြီးနောက်၊ စိတ်လှုပ်ရှားဖွယ် the Funicular train ကြိုးဆွဲ ရထားကြီးကိုစီးပြီး ပင်လယ်ရေမျက်နှာပြင်အထက် (320)မီတာရှိသည့် Floyen တောင်ထိပ်သို့တက်ရောက်မှာဖြစ်ပါတယ်။ တောင်ပေါ်မှတဆင့် Bergen မြို့အလှကို အပေါ်စီးမှ ခံစားကြည့်ရှုနိုင်မှာဖြစ်ပြီး၊ Floyen တွင်စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့စုံလင်လှပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ညနေစာအား တရုတ်စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် Calrion Bergen Airport or Similar ဟိုတယ်တွင်တစ်ညတာ
တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 6 (30/12/2019) Bergen - Flam Railway ride - Spectacular fiords - Gudvangen - Gol

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ လှပတဲ့ လမ်းတလျှောက်ရှုခင်းများ၊ Flam railway line ရထားခရီးစဉ် တလျှောက် ရေခဲအိုင်တွေ၊ တောင်တန်းတွေ၊ မြစ်တွေနဲ့ သိပ်ကိုလှပတဲ့ရင်သပ်ရှုမောဖွယ် အလှအပတွေကို မြင်တွေ့ခံစားပြီး ကမ္ဘာ့အမတ်ေစောက်ဆုံးရထားလမ်းရဲ့ အရသာကို ကိုယ်တွေ့ကြုံရမှာဖြစ်ပါတယ်။ လိုဏ်ခေါင်း(၂၀)ပါပြီး ဆောက်လုပ်ဖို့ နှစ်(၂၀) ကြာအချိန်ယူခဲ့ရတဲ့ရထားလမ်းခရီးဟာ ရှုခင်းအလှအပတွေစုံတဲ့ Flam မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ထိုနောက်နေ့လည်စာ သုံးဆောင်ပြီးနောက်Ferry Boat ခရီးစဉ်ကို စတင်စီးနင်းကြပြီ်း၊ စကင်ဒီနေးဗီးယားဒေသရဲ့ ပျော်ရွှင်ကြည်နူးစရာ ကျေးလက်တောရွာတွေရဲ့ အလှအပတွေကို တွေ့မြင်ခွင့်ရမှာဖြစ်ပြီး ခမ်းခမ်းနားနားကို လှပလွန်းတဲ့ Fjords ရေခဲမြစ်တွေ၊ တောင်တန်းတွေ၊ အစိမ်းရောင် မြက်ခင်းတွေကိုကြည့်ရှုခံစားကြရင်း Gudvangen ဆိပ်ကမ်းကို ရောက်ရှိမှာဖြစ်ပါတယ်။ ထိုမှတဆင့်တည်းခိုသည့် Storefjell Resort Hotel သို့ထွက်ခွာပြီးဟိုတယ်တွင်ညနေစာသုံးဆောင်ပြီးနောက်တစ်ညတာတည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 7 (31/12/2019) Geilo to Karlstad Explore Karlstad (SWEDEN)

နံနက်စာအား ဟိုတယ်တွင်သုံးဆောင်ပြီးနောက်၊ အော်စလိုမြို့နဲ့စတော့ဟုမ်တို့ကြားတွင်တည်ရှိသော Klarralven မြစ်၏ နှုတ်ခမ်းပေါ်တွင်Karl IX ဘုရင်မှ (၁၅၈၄) ခုနှစ်တွင်ထူထောင်ခဲ့သော Karlstad မြို့သို့သွားရောက်မှာဖြစ်ပါတယ်။ နေ့လည်စာအား အာရှအစားသောက်ဖြင့်သုံးဆောင်ပြီးနောက်၊ Klaralven မြစ်နားရှိ ကျွန်းပေါ်တွင်တည်ရှိသော ဥရောပ၏အသန့်ရှင်းဆုံးသောရေကန်ဖြစ်သည့် Vänern ရေကန်သို့သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ရာသီဥတု သာယာလျှင် ဖြည်းဖြည်းခြင်းလမ်းလျှောက်ပြီးလည်ပတ်မှာဖြစ်ပြီး၊ လေကောင်းလေသန့်နဲ့ လမ်းလျှောက်လည်ပတ်ရန် အလွန်ကောင်းသော မြို့ငယ်လေးဘဲဖြစ်ပါတယ်။ တရုတ်စားသောက်ဆိုင်တွင်ညနေစာ သုံးဆောင်ပြီးနောက် Scandic Karlstad City ဟိုတယ်တွင်တစ်ညတာ အနားယူမှာ ဖြစ်ပါတယ်။

Day 8 (01/02/2020) Karlstad to Stockholm, Zoo & Aquarium (SWEDEN)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ စတော့ခ်ဟုမ်းမြို့သို့ခရီးဆက်မှာဖြစ်ပါတယ်၊ စတော့ခ်ဟုမ်းမြိုဟာ ဆွီဒင်ရဲ့မြို့တော်ဖြစ်ပြီး နာမည်ကြီး Mälaren ကန်နဲ့ ကျွန်းလေးတွေရှိပါတယ်။ စကင်ဒီနီးဗီးယားသားများအတွက်စတော့ခ်ဟုမ်းမြို့ဟာလွမ်းမောဖွယ်ရာများနဲ့ ပြည့်နှက်နေတဲ့ အိမ်နောက်ဖေးမြို့တစ်ခုပါ။ (၁၉) ရာစုအလယ်ပိုင်းခေတ်က ဆွီဒင်ရဲ့မြို့ရဲ့အရသာကို လက်တွေ့ခံစားနိုင်စေမယ့် မြို့တော်ရဲ့ရှေးကျလှတဲ့ Town Quarter ကိုလိုက်ပို့ ပေးမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာအား တရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်၊ စကင်ဒီနီးဗီးယားဒေသအား ပိုမိုသဘောပေါက်နားလည်စေသည့် စကင်ဒီနီးဗီးယားဒေသတွင်နေထိုင်ကျက်စားသော တိရစ္ဆာန်များအားလေ့လာရန်တိရစ္ဆာန်ဥယျာဉ်နဲ့ရေသတ္တဝါများ ပြတိုက်သို့သွားရောက်လေ့လာမှာဖြစ်ပါတယ်။ တိရိစ္ဆာန်ဥယျာဉ်မှာဝက်ဝံညိုကြီးတွေ၊ သမင်တွေ၊ ကြောင်မြီးတိုစတာတွေကိုလေ့လာပြီးနောက် ရေသတ္တဝါပြတိုက်သို့ ဆက်လက်ချီတက်မှာဖြစ်ပါ
တယ်။ အဲဒီမှာ မျောက်ေတွေနဲ့တခြားသောတိရိစ္ဆာန်လေးတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုမှတဆင့်ညနေစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်Good Morning Hagersten Hotel or similar ဟိုတယ်တွင်တစ်ညတာ အနားယူမှာဖြစ်ပါတယ်။

Day 9 (02/01/2020) Stockholm City Tour- Cruise to Helsinki (SWEDEN/FINDLAND)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဒေသခံဧည့်လမ်းညွှန်နှင့်အတူ ကမ္ဘာကျော် နိုဘယ်ဆုတွေပေးရာ နေရာဖြစ်တဲ့ စတော့ခ်ဟုမ်းမြို့တော်ခန်းမဆီသို့ စတင်လည်ပတ်မှာဖြစ်ပါတယ်။ မြို့တော်ခန်းမဟာ (၁၀၀)မီတာအရှည်ရှိတဲ့ မျှော်စင်ကြောင့်နာမည်ကြီးတာဖြစ်ပါတယ်။ ရှေးဟောင်မြို့တော်ရဲ့အလှကို အဆိုပါမျှော်စင်မှတဆင့် ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီပြီး ဆွီဒီရဲ့ဘုရင်မျိုးဆက်တွေဟာ Kungliga Slottet (Royal Palace) မှာနေထိုင်ကြတာဖြစ်ပြီး၊ (၁၆၉၀)ခုနှစ်တွေက ပြင်သစ် ဗိသုကာပညာရှင်တွေ ဆောက်လုပ်ခဲ့တာဖြစ်ကာ၊ အခန်းပေါင်း(၆၀၈) ခန်းရှိပါတယ်။ ထိုမှတဆင့် အလယ်ခေတ်စတိုင်ဆောက်လုပ်ထားတဲ့ Cathedral မြို့ဟောင်းသို့လည်း သွားရောက်မှာဖြစ်ပြီး နာမည်ကျော် ဗာဆာပြတိုက်ထဲတွင် (၁၇)ရာစု တော်ဝင်စစ်သင်္ဘော ကြီးအားပြသထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်လက်ရှိတော်ဝင်မိသားစုများ နေထိုင်သည့်Drottningholm Palace သို့လည်း ဝင်ရောက်လည်ပတ် ရောက်ရှိမှာဖြစ်ပါတယ်။ Drottningholm Palace ဟာဒီနေ့ခေတ်မှာတော့ ယူနက်စကို ကမ္ဘာ့အမွေနှစ်စာရင်းဝင်တဲ့ နေရာတစ်ခု ဖြစ်တယ်။ Tallink Silja သင်္ဘောကြီးအား (A-calss Sea View)ဖြင့် ဘောလတစ်Baltic ပင်လယ်အားဖြတ်သန်းမောင်းနှင်ပြီး Helsinki စတင်ခရီးနှင်မှာ
ဖြစ်ပြီး၊ ညနေစာအား သင်္ဘောပေါ်တွင်ဘူဖေးဖြင့်သုံးဆောင်မှာ ဖြစ်ပါတယ်။

Day 10 (03/01/2020) Helsinki City Tour (FINLAND)

နံနက်စာအား သင်္ဘောပေါ်တွင်သုံးဆောင်ပြီးနောက်၊ နံနက်(၁၀း၃၀)တွင်ဆိပ်ကမ်းဆိုက်ရောက်မှာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများအတွက် ကြည့်ရှုလေ့လာစရာ နေရာများစွာနဲ့ပြည့်နှက်နေတဲ Helsinki ဟယ်လ်စင်ကီး ကမ်းနားမြို့အားစတင်လည်ပတ်မှာဖြစ်ပါတယ်။ ဒေသခံဧည့်လမ်းညွှန်မှ သမိုင်းဝင်အဆောက်အဦးတွေဖြစ်တဲ့ အထက်လွှတ်တော်ခန်းမ၊ မြို့တော်ခန်းမ၊ ပါလီမန်အဆောက်အဦးတွေ၊ သမ္မတနန်းတော်နဲ့ အော်ပရာဇာတ်ရုံများဆီသို့ ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာသုံးဆောင်မှာဖြစ်ပြီး၊ ကျောက်သားတွေနဲ့တည်ဆောက်ထားတဲ့ Temppeliaukio Rock Church ကျောင်းတော်၊ Helsinki Cathedral, Uspenski Cathedral များသို့ လည်ပတ်ပြီးနောက်၊ ည(၁၀း၄၀)နာရီလေယာဉ်ဖြင့် Helsinki Vantaa
(HEL)နိုင်ငံတကာလေဆိပ်မှကာတာလေကြောင်း လိုင်းဖြင့်ဒိုဟာမှတဆင့်ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

Day 11 (04/12/2019) Doha-Bkk-Rgn (QATAR)

ဒိုဟာမြို့ရှိHamad International လေဆိပ်သို့ရောက်ရှိမှာဖြစ်ပြီး ကာတာနိုင်ငံဒိုဟာမြို့သို့ နံနက်(၅း၃၅)နာရီတွင်ဆိုက်ရောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် နံနက်(၈း၃၅)နာရီတွင်လေယာဉ်ဖြင့်ဒိုဟာလေဆိပ်မှဘန်ကောက်သို့ည(၁၈း၅၅)ရောက်ရှိမည်ဖြစ်ပြီး ဘန်ကောက်မှည (၂၀း၃၀) တွင်ပြန်လည်ထွက်ခွာပြီးရန်ကုန်မြို့သို့(၂၁း၅၅) တွင်ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ရရှိခဲ့တဲ့အမြင်သစ်များ၊ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်သော အတွေ့အကြုံသစ်များနှင့်အတူ စကင်ဒီနီးဗီးယားခရီးစဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရောက်တွင်အမှတ်တရ များစွာဖြင့်ခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။

9 travellers are considering this tour right now!