09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
Price
From$1,750
Booking Form
Enquiry Form
Full Name*
Email Address*
Your Enquiry*
* I aggree with Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Proceed Booking

Save To Wish List

Adding item to wishlist requires an account

3752

Why Book With Us?

  • No-hassle best price guarantee
  • Customer care available 24/7
  • Hand-picked Tours & Activities
  • Free Travel Insureance

Get a Question?

Do not hesitage to give us a call. We are an expert team and we are happy to talk to you.

09 782010000

info@businessplustravel.com

  • 9 Days
  • Dec 23’ - Dec 31'
  • Pickup: Airpot

Departure & Return Location

Yangon International Airport

Departure Time

3 Hours Before Flight Time

Price Includes

  • Air fares
  • 3 Nights Hotel Accomodation
  • Tour Guide
  • Entrance Fees
  • All transportation in destination location

Price Excludes

  • Guide Service Fee
  • Driver Service Fee
  • Any Private Expenses
  • Room Service Fees
Photos
Itinerary

Day 1: (23/12/2019) Yangon Departure

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သကြိုဆိုအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ကို BusinessPlus နဲ့အတူ စတင်ပါပြီ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ထွက်ခွာအဆောက်အအုံသစ် (Terminal-1) မှာ Tour Leader နှင့်အတူ မကြာမီ မိတ်ရင်းဆွေရင်းပမာ ခင်မင်ရင်းနှီးလာမည့်ခရီးအတူသွားမိတ်ဆွေသစ်များနှင့် ည(၁၁း၀၀)နာရီတွင် စတွေ့ကြရတော့မှာဖြစ်ပါတယ်။ ရန်ကုန်မှ ဒူဘိုင်းမြို့သို့ Flydubai လေကြောင်းလိုင်းအသစ်အား ဦးဦးဖျားဖျားစီးနင်းပြီးစတင်ထွက်ခွာမှာဖြစ်ပါတယ်။ (လေယာဉ်ထွက်ခွာချိန်မှာ ညသန်းခေါင် (၁း၃၅) နာရီဖြစ်သည်။)

Day 2: (24/12/2019) Dubai City tour- Istanbul Arrival

ဒူဘိုင်းနိုင်ငံတကာလေဆိပ်သို့ နံနက်(၅:၃၅)နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ လေယာဉ်ပေါ်တွင်အစားသောက်များကျွေးမွေးမည်ဖြစ်သော်လည်း၊ လေယာဉ်ဆိုက်ရောက်ပြီးချိန်တွင်လည်း၊ နံနက်စာထပ်မံသုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် စိတ်ဝင်စားစရာဒူဘိုင်းမြို့၏အထင်ကရနေရာများအား စတင်လည်ပတ်မှာဖြစ်ပြီး၊ ပထမဆုံးအနေဖြင့် နာမည်ကြီး 6 star ဟိုတယ်ကြီးဖြစ်သည့် BurJ Al Arab Jumeirah ဟိုတယ်ကြီးအား နောက်ခံထားပြီး၊ ဒူဘိုင်းကမ်းခြေတွင်အမှတ်တရ ဓာတ်ပုံရိုက်မှာဖြစ်ပါတယ်။ ထို့နောက် ဒူဘိုင်းရဲ့သမိုင်း၊ လူနေမှုဓလေပုံစံများအဆင့်ဆင့်ကို ပြသထားသော မရောကမ် ဖြစ် Dubai Museum သို့လည်းကောင်း၊ Water Taxi စီးနင်းပြီး၊ ဟင်းခတ်အမွှေးကြိုင်ဈေး၊ သစ်သီးနဲ့ဟင်းသီးဟင်းရွက်ဈေး၊ ရွှေတုံးများရောင်းချသော ရွှေဆိုင်တန်းများသို့လည်းကောင်းရောက်ရှိလည်ပတ်မှာဖြစ်ပါတယ်။ နေ့လယ်စာသုံးဆောင်ပြီးနောက် အရှေ့အလယ်ပိုင်း တစ်ခုလုံး၏အကြီးဆုံးနှင့် ကမ္ဘာ့ဒုတိယ အကြီးဆုံးဈေးဝယ်စင်တာကြီးဖြစ်တဲ့ Dubai Mall သို့သွားရောက်လည်ပတ်ဈေးဝယ်မှာဖြစ်ပါတယ်။ (ကမ္ဘာ့ အမြင့်ဆုံးတိုက်ဖြစ်သည့် Burj Khalifa ၏ (၁၂၅)ထပ်ကို တတ်ရောက်လိုသူများလည်း၊ လက်မှတ်ဝယ်ကာ မိမိကုန်ကျစရိတ်ဖြင့် တက်ရောက်နိုင်သည်။) ထို့နောက် ညနေ (၅:၀၀)နာရီတွင်လေဆိပ်သို့သွားရောက်ကာ၊ ညနေ(၇:၄၅)လေယာဉ်ဖြင့် တူရကီ၏မြို့တော်အစ္စတန်ဘူးလ်သို့ ဆက်လက်ထွက်ခွာပြီး၊ ည(၁၁:၄၀)နာရီတွင် အစ္စတန်ဘူးလ်မြို့ရှိ Sabiha Gokcen International Airport (SAW) သို့ဆိုက်ရောက်မှာဖြစ်ပါတယ်။ လေဆိပ်တွင်လာရောက်ကြိုဆိုသည့် ဒေသခံဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက်၊ တည်းခိုမည့် ဟိုတယ်သို့သွားရောက်ကာညအိပ်အနားယူမှာ ဖြစ်ပါတယ်။

Day 3: (25/12/2019) ISTANBUL - CANAKKALE

အစ္စတန်ဘူးလ်ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ (၁၅)ရာစု အော်တမန်အင်ပါယာ (Ottoman Empire)ရဲ့အရေးပါတဲ့အခန်းကဏ္ဌကပါဝင်ခဲ့တဲ့ သမိုင်းဝင်တော့ပ်ကပီနန်းတော် (TOPKAPI PALACE) သို့သွားရောက်မှာဖြစ်ပါတယ်။ ယနေ့အခါမှာ သမိုင်းဝင်ပြတိုက်အဖြစ်ခရီးသွားတွေရဲ့အာရုံကို ဆွဲဆောင်နေတဲ့နေရာဖြစ်ပြီး၊ ကြွေထည်တွေ၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်တွေ၊ သူတော်စင်တို့ရဲ့ ဓါတ်တော်မွေတော်တွေနဲ့ တန်ဖိုးကြီးရတနာ ပစ္စည်းအမျိုးမျိုးအား လေ့လာနိုင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာသုံးဆောင်ပြီးနောက် အာမက်(Ahmet)ဘုရင် ဝတ်ပြုဖို့ တည်ဆောက်ခဲ့တဲ့ အများနဲ့မတူ တမူထူးခြားတဲ့ မျှော်စင် (၆) ခုနဲ့ ခမ်းနားထင်ရှားလှသော BLUE MOSQUE ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ မျက်စိကျိန်းလောက်အောင် ပျိုးပြက်လင်းလက်နေတဲ့အတွင်းပိုင်းပြင်ဆင်မှုလက်ရာတွေနဲ့ ကွဲပြားတောက်ပတဲ့ လနဲ့အပြာရောင်ကြွေပြားလေးတွေကိုတွဲဖက်ခံစားနိုင်တဲ့နေရာပေါ့။ ပြီးရင်တော့ အတိတ်ကာလက စစ်ရထားပြိုင်ပွဲတွေကျင်းပရာ Hippodrome of Constantinople ရဲ့ ထည်ဝါမှုလက်ကျန် တွေအားသွားရောက်ခံစားရမှာဖြစ်ပါတယ်။ မကြည့်လိုက်ရရင်နောင်တရသွားနိုင်တဲ့ ဘာသာရေးအမွေအနှစ်နဲ့ ဗိသုကာလက်ရာတွေပြည့်နှက်နေတဲ့ HAGIA SOPHIA MUSEUM ကိုလည်းသွားကြဦးမယ်လေ။ ထိုမှတဆင့် အစ္စတန်ဘူလ် တွင်နေ့လည်စာ သုံးဆောင်ပြီးနောက်၊ နာမည်ကြီး Dardanelles အားဖယ်ရီသင်္ဘောဖြင့်ဖြတ်သန်းပြီးနောက် Canakkale သို့သွားရောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Canakkale တွင်ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်တစ်ညတာ တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 4: (26/12/2019) CANAKKALE (TROY) - PERGAMON - KUSADASI

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ သမိုင်းဝင်နာမည်ကြီးရှေးဟောင်း Troy မြို့သို့သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ Troy ရှိအလွန်ကျော်ကြားသော ဆွဲဆောင်မှုမှာ ထရိုဂျန်မြင်းရုပ်ကြီး (Trojan Horse) ဖြစ်ပါတယ်။ ထရိုဂျန်မှာ ပုံတူသစ်သားမြင်းရုပ်ကြီးဖြစ်ပြီး ဂရိစစ်တပ်မှ Trojans အားပေးအပ်ခဲ့တာဘဲဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာသုံးဆောင်ပြီးနောက်တူရကီနိုင်ငံ၏အကျော်ကြားဆုံး ပြဇာတ်ရုံများဖြစ်သော Trajan Temple၊ Atena Temple, Agora နှင့် Pergamon Palace များသို့သွားရောက်လည်ပတ်မှာပဲဖြစ်ပြီး၊ ထို့နောက် ကျော်ကြားသောရှေးဟောင်းရောမမြို့ Pergamon သို့သွားရောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Kusadasi တွင် ညနေစာသုံးဆောင်ပြီးနောက်၊ ဟိုတယ်တွင်တစ်ညတာ တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 5: (27/12/2019) KUSADASI - PAMUKKALE

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဧဖကစ် တ်(Ephesus) မြို့သို့ သွားရောက်မှာဖြစ်ပါတယ်။ မယ်တော်မာရိနေအိမ်- သူ၏နောက်နှစ်များကုန်ဆုံးသည့်အထိ နေထိုင်ခဲ့သည်ဟု ယုံကြည်ရသောသူမ၏အိမ်သို့သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် အာရှမိုင်းနားဒေသကြီးတွင် လူမျိုးပေါင်းစုံနေထိုင်ပြီး၊ အရှေ့အလယ်ပိုင်း၏ချမ်းသာကြွယ်ဝမှုကို လက်ဝါးကြီးအုပ်ထားသည့်လူဦးရေ ၂၅၀၀၀၀ ကျော်ဖြင့်အလွန်စည်ကားခဲ့သည့် ဂရိ-ရောမမြို့ သို့သွားရောက်မှာဖြစ်ပြီး၊ ပရိတ်သတ်ကြည့်ရှုသူ ၂၅၀၀၀ ကျော်စန့် အထင်ကြီးလောက်စရာ ရောမပြဇာတ်ရုံ၊ အံ့ဖွယ် Celsus စာကြည့်တိုက် (ရှေးဟောင်းကမ္ဘာပေါ်ရှိတတိယ အကြီးဆုံးစာကြည့်တိုက်၊ Hadrian of Temple နှင့် Marble Street) များသို့သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ၁၂ ရာစု တူရကီ သားရေတုထုတ်လုပ်မှုများနှင့် လက်မှုပညာများအားသွားရောက် ကြည့်ရှုလေ့လာမှာဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာသုံးဆောင်ပြီးနောက်မှာတော့ Pamukkale မြို့ရဲ့ Cotton Castle ရှိတဲ့ဆီကို စတင်ထွက်ခွာမှာဖြစ်ပါတယ်။ HIERAPOLIS & NECROPOLIS စတဲ့ နေရာတွေက ရှေးဟောင်းပျက်စီးမှုတွေထံကို အရင်လည်ပတ်သွားရောက်ပါမယ်။ အဲသည်မှာ ကျန်းမာရေးအတွက် သင့်လျော်ပြီး ရေပူချိုးရာနေရာအဖြစ်ထင်ရှားပါတယ်။ နောက်တော့ “Cotton Castle” ကို သွားရောက် ကြည့်ရှုပါတယ်။ Pamukkale ရဲ့ မှော်ဆန်မှုတွေ၊ လှေကားထစ်မြေပြန့်တွေနဲ့ ရေပူစမ်းတွေကနေ အနည်ထိုင်တဲ့ ထုံးကျောက်တွေကနေ ဖြစ်ထွန်းလာတဲ့ ရဲတိုက်ပုံစံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ထို့နောက် Pamukkale Thermal ဟိုတယ်တွင်တည်းခိုမှာဖြစ်ပြီး၊ ညနေစာအားလည်း ဟိုတယ်တွင်သုံးဆောင်မှာဖြစ်ပါတယ်။

Day 6: (28/12/2019) PAMUKKALE-KONYA-CAPADOCCIA

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ KONYA ကို အသွားမှာ (၁၃)ရာစုရဲ့ ကျော်ကြားတဲ့တွေးခေါ်ပညာရှင်ကြီး Melvana Celaleddin-i Rumi ရဲ့ ပြတိုက်သို့ဝင်လေ့လာမှာဖြစ်ပါတယ်။ တချိန်ကတော့ Mevlevi Dervishes အတွက်ဘုရားရှိခိုးကျောင်းဖြစ်ခဲ့တာပေါ့။ Mevlana ဟာ အတွေးအခေါ်ပညာရှင်ဖြစ်ပြီး၊ ရှေးရှိးစွဲအစ္စလာမ်တယောက်တော့မဟုတ်ပါဘူး။ သူ့ရဲ့ အယူဝါဒတွေဟာ မေတ္တာတရားကပြအခြေခံတဲ့ အဆုံးမရှိသည်းခံနိုင်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ စိတ်ရင်းစေတနာနဲ့ သိမြင်ခံစားမှုတို့ကို အလေးပေးပါတယ်။ Mevlana ဟာ ဘာသာတရားတွေအားလုံးရဲ့ အနှစ်သာရဖြစ်တဲ့ သည်းခံမှုနဲ့စိတ်ငြိမ်းချမ်းမှုဟာ အခြေခံအားဖြင့်အနည်းနဲ့အများတူညီမှုရှိတယ်လို့ယူဆခဲ့သူမျှတတဲ့ပညာရှင်တဦးပါဖြစ်ပါတယ်။ ထိုမှတဆင့် KONYA တွင်နေ့လည်စာ သုံးဆောင်ပြီး ခဏအနားယူပြီးနောက်၊ ခမ်းနားထည်ဝါတဲ့ CARAVANSERAI OF SULTANHAN ရဲ့အလှတရားများအား ခံစားဖို့ Cappadocia ကိုဆက်လက်ချီတက်မှာပဲဖြစ်ပါတယ်။ Cappadocia တွင်ညနေစာ သုံးဆောင်ပြီးနောက် တညတာအနားအနားယူမှာဖြစ်ပါတယ်။

Day 7: (29/12/2019) CAPPADOCIA

မနက်စာမစားခင်အချိန်လေးမှာ ရင်ခုန်စိတ်လှုပ်ရှားမှုကိုမှ နှစ်သက်လှပါတယ်ဆိုသူများအတွက်မီးပုံးပျံစီးလို့ မြို့ ရှုခင်းကိုဝေဟင်ပေါ်က ခံစားခွင့်ရမဲ့ သီးသန့်အစီအစဉ်လေးရှိပါတယ်နော်။ Hotel မှာ မနက်စာစားပြီးရင်တော့ KAYMAKLI (သို့မဟုတ်) OZKANAK ခေါ်ကြတဲ့ မြေအောက်မြို့လေးဆီသွားကြမယ်။ တချိန်က ခရစ်ယာန်ဘာသာဝင် တသောင်းခွဲကျော်နားခိုခဲ့ဘူးတဲ့ရိပ်မြုံလေးပေါ့။ ၈ထပ်ဆောင်ကြီးထဲမှာ ရှေးလက်ရာအိပ်ခန်းဆောင်တွေ၊ ဘုရားရှိခိုးကျောင်းနဲ့ အစည်းအဝေးခန်းမတွေ၊ အစားအစာသိုလှောင်ခန်းတွေကို ရှည်လျားတဲ့ လျှောက်လမ်းတွေ စင်္ကြန်တွေနဲ့ ဆက်သွယ်ထားတယ်လေ။ Turkey ရဲ့ ထင်ရှားလှတဲ့ လက်မှုအနုပညာ လှပနူးညံ့တဲ့ Turkey ကော်ဇောတွေရက်လုပ်ရာကလဲ သွားလည်ဖို့မမေ့သင့်တဲ့ နေရာတခုပါပဲ။ ပြီးရင်တော့ သမိုင်းဦးလူသားတွေရဲ့ ထူးခြားဆန်းပြားတဲ့နေအိမ်လေးတွေရ ယ်၊ မီးတောင်ပြာလေးတွေနဲ့ ခန်းဖွဲ့တည်ဆောက်ထားပြီး စိတ်အာရုံကိုဖမ်းစားနိုင်လွန်းတဲ့ နံရံဆေးရေးပန်းချီတွေနဲ့ အလှဆင်ထားတဲ့ ကျောက်သားဘုရားရှိခိုးကျောင်း နဲ့ ဝတ်ပြုဆောင်လေးတွေ တည်ရှိရာ Goreme လဟာပြင်ပြတိုက်ကို အရောက်သွားကြမယ်။ သဘာဝအရရော လူသားတွေဖန်တီးထားမှုအရပါ ရင်သပ်ရှုမောအံ့ဩဖွယ်ရာတွေပြည့်နှက်လို့ ပုံပြင်ထဲကို ရောက်ရှိသွားသလို ခံစားရစေမဲ့ Uchisar ရဲ့ Castle ရွာလေးမှာလဲ ခဏနားလို့ အမှတ်တရဓါတ်ပုံတွေရိုက်ကြမယ်။ ဓါတ်ပုံရိုက်လို့ဝရင် Red River လို့လူသိများတဲ့ Kizilimak မြစ်ကမ်းပါးမှာတည်ရှိတဲ့ ဥမင်အိမ်လေးတွေနဲ့ အိုးလုပ်ငန်းတွေဆောင်ရွက်ရာ Avanos ရွာကို သွားလည်ကြမယ်။ ညစာစားပြီးရင်တော့ အကအလှ ကြည့်ရှုခံစားချင်သူတွေ အတွက်သဘာဝလှိုက်ဂူထဲက စားသောက်ဆိုင်လေးမှာ ဘဲလေးနဲ့ ကျေးလက်ရိုးရာဂီတတွေကို ခံစားနိုင်ဖို့ သီးသန့်အစီအစဉ်လေးတခုရှိပါသေးတယ်နော်။ ထိုမှတဆင့် နာမည်ကြီး Turkish လေကြောင်းလိုင်းဖြင့် အစ္စတန်ဘူးလ်သို့ သွားရောက်မှာဖြစ်ပါတယ်။

Day 8: (30/12/2019) ISTANBUL CITY TOUR- night departure

ဟိုတယ်မှာ မနက်စာသုံးဆောင်ပြီးရင်တော့ သည်နေ့အတွက်ကျွန်တော့်တို့ရဲ့ ခရီးစဉ်ကို BOSPHORUS ခရီးစဉ်နဲ့အစပြုပါမယ်။ နှစ်စဉ် သင်္ဘောပေါင်း ၆၀၀၀၀ ကျော်ဖြတ်သန်းသွားလာနေပြီး ဥရောပနဲ့ အာရှတိုက်ကို ကန့်သတ်ထားတဲ့ Bosphorus ရေလက်ကြားကနေ ဖြတ်သန်းသွားရမှာပါ။ လှေပေါ်ကနေပြီး ကျွန်တော်တို့ဟာ ရေလက်ကြားရဲ့ လှပတဲ့မြင်ကွင်းတွေ၊ နန်းတော်တွေ၊ ခံတပ်ရဲတိုက်တွေနဲ့ နွေရာသီအပန်းဖြေအိမ်တွေကို တွေ့မြင်ရမှာပါ။ လှေနဲ့ ခရီးစဉ်ပြီးဆုံးသွားတဲ့အခါမှာတော့ ခြုံထည်တွေ၊ ရာသီအလိုက်ရတဲ့ ပန်းတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သစ်သီးခြောက်တွေ၊ လက်ဖက်ခြောက်တွေ၊ စားချင်စဖွယ်မုန့်တွေ၊ ရေမွှေးတွေနဲ့ တစ်ခြားသော စိတ်ဝင်စားစရာတွေရှိပြီး ၁၇ ရာစုကတည်းက တည်ရှိခဲ့တဲ့ Spice Market ကိုဆက်လက် ချီတက်ပါမယ်။ ပြီးရင်တော့ ကမ္ဘာ့ပထမဦးဆုံး ဈေးဝယ်စင်တာအဖြစ် ယူဆခြင်းခံထားရပြီး စတိုးပေါင်း ၅၀၀၀ ကျော်နဲ့ ၁၅ ရာစုကတည်းက တည်ရှိခဲ့တဲ့ ဈေးဝယ်စရာနေရာဖြစ်တဲ့ Grand Bazaar ဈေးကိုထပ်လည်မယိ။ ညစာကို အာရှစားသောက်ဆိုင်မှာ တည်ခင်းပြီးရင်တော့ နေရပ်ဌာနေကိုပြန်မယ်။ လေဆိပ်ကို ပြန်လည်ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Day 9: (31/12/2019) Istanbul- Dubai- Yangon Arrival

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁၀:၃၀)နာရီတွင် စတင်ထွက်ခွာမှာဖြစ်ပြီး၊ ညနေ(၆:၃၅)တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်မှာဖြစ်ပါတယ်။ မမေ့နိုင်သောပျော်ရွှင်ဖွယ်အမှတ်တရကောင်းများစွာနဲ့အတူ ကျွန်တော်တို့ တူရကီခရီးစဉ်လေးပြီးဆုံးမှာပဲဖြစ်ပါတယ်။

6 travellers are considering this tour right now!