09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login

Egypt- Israel- Palestine- Jordan- Petra

0
Price
From$2,500
Booking Form
Enquiry Form
Full Name*
Email Address*
Your Enquiry*
* I aggree with Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step
The tour is not available yet.

Proceed Booking

Save To Wish List

Adding item to wishlist requires an account

501

Why Book With Us?

  • No-hassle best price guarantee
  • Customer care available 24/7
  • Hand-picked Tours & Activities
  • Free Travel Insureance

Get a Question?

Do not hesitage to give us a call. We are an expert team and we are happy to talk to you.

09 782010000

info@businessplustravel.com

Egypt- Israel- Palestine- Jordan- Petra

0
  • 11 Days 10 Nights
  • April 14 - April 24
  • Pickup: Airport

Departure & Return Location

Yangon International Airport

Departure Time

3 Hours Before Flight Time

Price Includes

  • Air fares
  • Tour Guide
  • All transportation in destination location

Price Excludes

  • Guide Service Fee
  • Driver Service Fee
  • Any Private Expenses
  • Room Service Fees
Photos
Itinerary

Day 1 (14/4/2020)Yangon Departure

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သကြိုဆိုအပ်ပါတယ်။
လူကြီးမင်းတို့ရဲ့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ကို Business Plus Travel and Tours နဲ့အတူ စတင်ပါပြီ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ထွက်ခွာအဆောက်အုံသစ် (Terminal-1) မှာ Tour Leader နှင့်အတူ မကြာမီ မိတ်ရင်းဆွေရင်းပမာ ခင်မင်ရင်းနှီးလာမည့် ခရီးအတူသွားမိတ်ဆွေသစ်များနှင့် ည(၁၁:၀၀)နာရီတွင် စတွေ့ကြရတော့မှာဖြစ်ပါတယ်။ ရန်ကုန်မှ ဒူဘိုင်းမြို့သို့ Flydubai လေကြောင်းလိုင်းအသစ်အား ဦးဦးဖျားဖျားစီးနင်းပြီး စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ (လေယာဉ် ထွက်ခွာချိန်မှာ ညသန်းခေါင် (၁:၃၅) နာရီဖြစ်သည်။)

Day 2 (15/4/2020)Day 2: Dubai City tour- Alexandria, Egypt arrival

ဒူဘိုင်းနိုင်ငံတကာလေဆိပ်သို့ နံနက်(၅:၃၅)နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ လေယာဉ်ပေါ်တွင်အစားသောက်များကျွေးမွေးမည်ဖြစ်သော်လည်း၊ လေယာဉ်ဆိုက်ရောက်ပြီးချိန်တွင်လည်း၊ နံနက်စာထပ်မံသုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် စိတ်ဝင်စားစရာဒူဘိုင်းမြို့၏အထင်ကရနေရာများအား စတင် လည်ပတ်မှာဖြစ်ပြီး၊ ပထမဆုံးအနေဖြင့် နာမည်ကြီး 6 star ဟိုတယ်ကြီးဖြစ်သည့် BurJ Al Arab Jumeirah ဟိုတယ်ကြီးအား နောက်ခံထားပြီး၊ ဒူဘိုင်းကမ်းခြေတွင်အမှတ်တရ ဓာတ်ပုံရိုက်မှာဖြစ်ပါတယ်။ ထို့နောက် ဒူဘိုင်းရဲ့သမိုင်း လူနေမှုဓလေ့ပုံစံများအဆင့်ဆင့်ကို ပြသထားသော မရောက်မဖြစ် Dubai Museum သို့လည်းကောင်း Water Taxi စီးနင်းပြီး ဟင်းခတ်အမွှေးကြိုင်ဈေး၊ သစ်သီးနဲ့ဟင်းသီးဟင်းရွက်ဈေး၊ ရွှေတုံးများ ရောင်းချသော ရွှေဆိုင်တန်းများသို့လည်းကောင်းရောက်ရှိလည်ပတ်မှာဖြစ်ပါတယ်။ နေ့လယ်စာသုံးဆောင်ပြီးနောက် အရှေ့အလယ်ပိုင်း တစ်ခုလုံး၏ အကြီးဆုံးနှင့် ကမ္ဘာ ဒုတိယအကြီးဆုံး ဈေးဝယ်စင်တာကြီးဖြစ်တဲ့ Dubai Mall သို့သွားရောက်လည်ပတ်ဈေးဝယ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ညနေစာသုံးဆောင်ပြီးနောက် လေဆိပ်သို့သွားရောက်မှာဖြစ်ပြီး၊ ည(၁၁း၂၅)လေယာဉ်ဖြင့် အီဂျစ်နိုင်ငံ၏ကမ်းခြေမြို့ သမိုင်းရာဇဝင်ထဲမှ Cleopatra မင်းသမီး၏မြို့ Alexandria သို့ သွားရောက်မှာဖြစ်ပါတယ်။ လေဆိပ်တွင် လာရောက်ကြိုဆိုသည့် ဒေသခံဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီးနောက်၊ တည်းခိုမည့် ဟိုတယ်သို့သွားရောက်ကာ ညအိပ်အနားယူမှာဖြစ်ပါတယ်။

Day 3 (16/4/2020)Day 3: Alexandria Library –Montazah Garden & Palace-Cairo

နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးနောက် ကမ္ဘာ့သက်တမ်းအကြာဆုံး စာကြည့်တိုက်ဖြစ်သည့် အလက်ဇန္ဒာစာကြည့်တိုက် (Alexandria Library) သို့ ဝင်ရောက်လည်ပတ်မှာဖြစ်ပါသည်။ ထို့နောက် မွန်တဇ(Montazah) ခရိုင်တွင်ရှိသော ပန်းခြံ၊ ပြတိုက်၊ နန်းတော်တည်ရှိရာ (Montazah Garden & Palace) သို့ဝင်ရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထို့နောက်နေ့လည်စာကို မြေထဲပင်လယ် ဒေသအစားအသောက်များဖြင့် အားရပါးရသုံးဆောင်ပြီးနောက် ကိုင်ရို မြို့သို့ဆက်လက်ထွက်ခွာမှာဖြစ်ပါသည်။ ညနေခင်းတွင် အပျော်စီးသဘောၤစီးရန်အတွက် နိုင်းလ်မြစ်သို့ သွားရောက်မှာဖြစ်ပါတယ်။ အီဂျစ်ရိုးရာအက ပဒေသာ များအား ကြည့်ရှုခံစားရင်းအပျော်စီးသင်္ဘောပေါ်တွင် ညနေစာသုံးဆောင်မှာဖြစ်ပါတယ်။ ဟိုတယ်တွင်ညအိပ်အနားယူပါမည်။

Day 4 (17/4/2020)Day 4: Egyptian Museum – Al Giza (Pyramids, Sphinx), Mount Sinai via Suez Canal - St. Catherine

နံနက်စားဟိုတယ်တွင်သုံးဆောင်ပြီး အီဂျစ်အမျိုးသားပြတိုက် (Egyptian Museum)သို့သွားရောက် ကြည့်ရှုလေ့လာပြီးနောက်၊ ကမ္ဘာ့ရှေးဟောင်း အံ့ဖွယ် အကောင်းဆုံး (၇)ခုစာရင်းဝင် ပိရမစ်များရှိရာ ဂင်ဇာအရပ်သို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ နာမည်ကြီး ပိရမစ်များမြင်တွေ့ရမှဖြစ်ပြီး၊ အမှတ်တရ ဓာတ်ပုံရိုက်ခွင့်များရရှိမှာဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာသုံးဆောင်ပြီးနောက်၊ ဣသရေလလူမျိုးများ ကျွန်မှလွတ်မြောက်ကာ၊ ဖြတ်သန်းခဲ့တဲ့ ပင်လယ်နီနှင့် ဆိုင်းနိုင်းသဲကန္တာရများအား ဖြတ်သန်းပြီးခရီးဆက်မှာဖြစ်ပါတယ်။ St. Catherine ရွာ(သိနာတောင်) သို့ စူးအက်တူးမြောင်းအား ဖြတ်သန်းပြီး ရောက်ရှိမှာဖြစ်ပါတယ်။ ဆိုင်းနိုင်း သဲကန္တာရလမ်းခရီးတစ်လျှောက်၊ ထွက်မြောက်ရာကျမ်းမှ နေရာများစွာသို့လည်းကောင်း၊ ရှုမငြီးနိုင်သောပင်လယ်နီ ကမ်းခြေအလှအပများကို တစ်ဝကြီးကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ မောရှေ၏ရေတွင်းနှင့် မီးလောင်သောချုံများသို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ သိနာတောင်ခြေရင်းရှိဟိုတယ်တွင် ညနေစာသုံးဆောင်ပြီးနောက်၊ တည်းခိုအနားယူမှာဖြစ်ပါတယ်။ သိနာတောင်ပေါ်သို့ တက်ပြီးဆုတောင်းလိုသူများ အနေဖြင့် ညသန်းခေါင်တွင်တောင်ပေါ်ခြေလျင်ခရီးစတင်မှာဖြစ်ပါတယ်။ (သိနာတောင်၏ အမြင့်ပေမှာ(၇၄၉၇)ဖြစ်ပြီး တောင်ထိပ်ထိ တက်ရောက်ရန် ခက်ခဲသောကြောင့် တက်နိုင်မည်ဟုယုံကြည်မှုရှိမှသာ တတ်ရောက်ရန် အကြံပေးလိုပါသည်။)

Day 5 (18/4/2020)Day 5: St. Catherine Monastery - Taba- Negev Desert- Jerusalem- Bethlehem

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် တာဘာနယ်စပ်မှတဆင့် အစ္စရေးနိုင်ငံသို့ခရီးဆက်မှာဖြစ်ပါတယ်။ နဲဂျက်သဲကန္တာကိုဖြတ်သန်းပြီး၊ အိလတ်မြို့သို့ နဲဂျက်သဲကန္တာကိုဖြတ်သန်းမှာဖြစ်ပါတယ်။ လမ်းခရီးတွင်အစ္စရေးနိုင်ငံရဲ့ သဲကန္တာရ စိမ်းလန်းစိုပြေရေးအစီအစဉ်တွင်ပါဝင်သော သီးနှံစိုက်ခင်းများအား လမ်းဘေးဝဲရာတစ်လျှောက် မြင်တွေ့ရမည်ဖြစ်သည့်အပြင်၊ လောတ၏ မိန်းမဆားတိုင်၊ သောဒုံနှင့် ဂေါမောရမြို့ဟောင်းတည်ရှိခဲ့သောနေရာ၊ ပင်လယ်သေတွင် တည်ဆောက်ထားသော ခေတ်မှီစက်ရုံကြီးများအားလည်း အံ့မခမ်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Day 6(19/4/2020) Day 6: Mt of Olives- Palm Sunday Way- Gethsemane- Mount Zion- Bethlehem

သံလွင်တောင်ပေါ်မှတဆင့် သန့်ရှင်းမွန်မြတ်သောမြို့တော် ယေရုရှလင်၏ သဘာဝအလှတရားကို လေညင်းရှူရှိက်ရင်းကြည့်ရှု ခံစားရမှာဖြစ်ပါတယ် ထို့နောက် ခရစ်တော်ရှင်ပြန်ထမြောက်ပြီးရက်(၄၀)လုံးလုံး တပည့်တော်တို့နှင့် အတူတကွနေထိုင်ပြီးနောက် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်း ခံရသောနေရာ (ရှင်လုကာ၂၄း၄၆-၅၃) နှင့် တပည့်တော်တို့အား ဆုတောင်းပဌာနာတော်(ရှင်လုကာ၁၁း၁-၄) သင်ကြားပေးသော နေရာများသို့ရောက်ရှိမှာဖြစ်ပါတယ်။ ထိုမှတဆင့် သံလွင်ခက်တနင်္ဂနွေလမ်းမ(ရှင်ယောဟန် ၁၂) အတိုင်းလိုက်လျှောက်ပြီး၊ ယေရုရှလင်မြို့ကြီး ပျက်စီးမည့်အကြောင်းကိုကြိုမြင်ပြီး မျက်ရည် ကျတော်မူခဲ့သောနေရာ (ရှင်လုကာ၁၉း၄၁-၄၂) နှင့် ဂေသရှေမန်ဥယျာဉ် (ရှင်လုကာ၂၂း၃၉-၄၆) များသို့ လည်ပတ်ရောက်ရှိမှာဘဲဖြစ်ပါတယ်။ ဤဂေသရှေမန်ဥယျာဉ်ကတော့ ခရစ်တော်ဆုတောင်းနေစဉ် ယုဒမှသစ္စာဖောက်ပြီး ရောမစစ်သားများ ခေါ်ဆောင်လာရာနေရာပဲဖြစ်ပါတယ်။ ဥယျာဉ်ထဲတွင်နှစ်(၂၀၀၀)ကျော် သက်တမ်းရှိသည့်သက်တန်းရင့်သံလွင်ပင်များအား မြင်တွေ့ခွင့်ရရှိမှာဘဲဖြစ်ပါတယ်။ ထို့နောက် ဂျူးဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးသောနေရာဖြစ်တဲ့ ယေရုရှလင်ဗိမာန်တော်ရဲ့အနောက်ဘက်တံတိုင်းသို့ သွားရောက်လည်ပါတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ဇိအုန်တောင်ကုန်း သို့သွားရောက်ကာ၊ တပည့်တော် ဆယ့်နှစ်ပါးနှင့်အတူ ခရစ်တော် နောက်ဆုံးညစာတည်းခင်းခဲ့သည့် အပေါ်ထပ်ဆောင် (ရှင်မဿဲ၂၆း၁၇-၂၉) သို့သွားရောက်မှာဘဲဖြစ်ပါတယ်။ ပင်တေကုတ္တေပွဲတော်(တမန်တော်ဝတ္ထု ၂း၁-၄)ဟာလည်း၊ ဒီနေရာမှာဘဲကျင်းပခဲ့တာဖြစ်ပါတယ်။ ထိုမှတဆင့် ဒါဝိတ်မင်းကြီး၏ အုတ်ဂူသို့ဝင်ရောက် ကြည့်ရှု လည်ပတ်မှာဖြစ်ပါတယ်။ ထို့နောက် ခရစ်တော်အားဖမ်းစီး ချုပ်နှောင်ပြီး၊ တစ်ညတိုက်ပိတ်အချုပ် ချခဲ့သော မြေအောက်အကျဉ်းတိုက်နှင့် ပေတရုမှ ကိုယ်တော်အား မသိကြောင်းသုံးကြိမ်တိုင်တိုင်ငြင်းဆိုခဲ့သော (ရှင်လုကာ၂၂း၅၄-၆၂) ယဇ်ပုရောဟိတ် မင်းကာယဖရဲ့ နေအိမ်သို့ သွားရောက်လေ့လာ လည်ပတ်မှာဖြစ်ပါတယ်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကောင်းကင်တမန်မှသိုးထိန်းများအား သူငယ်တော်မွေးဖွားမည့်အကြောင်း သတင်းကောင်းလာရောက်ပြောကြားရာနေရာဖြစ်တဲ့ စားကျက်ကွင်းရှိရာအရပ်သို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ယုဒပြည်၊ ဗက်လင်မြို့(ရှင်လုကာ၂း၁၅) ရှိခရစ်တော်မွေးဖွားသည့် နွားစားခွက်ရှိသည့်နေရာအား ထိတွေ့ဆုတောင်းခြင်းဖြင့်ကျွန်တော်တို့ရဲ့ တစ်ရက်တာခရီးစဉ်အား အဆုံးသတ်မှာဖြစ်ပါတယ်။ ဟိုတယ်တွင် ညနေစာသုံးဆောင်ပြီးနောက်အနားယူမှာဖြစ်ပါတယ်။

Day 7(20/4/2020)Day 7: Jerusalem Old City- Bethesda- via Dolorosa- Calvary- Jericho- Dead Sea

နံနက်စာဟိုတယ်တွင် သုံးဆောင်ပြီးနောက်၊ ယေရုရှလင်မြို့ဟောင်းအတွင်းသို့ စတင်လည်ပတ်မှာဖြစ်ပါတယ်။ (၃၈)နှစ်လုံးလုံး အနာရောဂါဝေဒနာ ခံစား နေရသော လူနာအားခရစ်တော်မှ အနာရောဂါငြိမ်းစေခဲ့သောနေရာဖြစ်တဲ့ ဗေသေသဒရေကန် (ရှင်ယောဟန် ၅:၂-၉) သို့ သွားရောက်ခြင်းဖြင့် တစ်ရက်တာ ခရီးစတင်မှာဖြစ်ပါတယ်။ ထို့နောက်မယ်တော်မာရိ မွေးဖွားရာနေရာတွင် ဆောက်လုပ်ထားတဲစိန့်အမ်းဘုရားကျောင်းသို့ ဝင်ရောက်လည်ပါတ်မှာဖြစ်ပြီး၊ ပဲ့တင်သံကောင်းလှသော ဘုရားကျောင်းထဲမှာ သံစုံသီချင်းကျူးဧခြင်းဖြင့် ဂုဏ်တော် ချီးမွမ်းခွင့်ရမှာဖြစ်ပါတယ်။ ထို့နောက် ခရစ်တော် ကိုယ်တိုင်ကားတိုင် ထမ်းပြီး၊ ကိုယ်တိုင်လျှောက်ခဲ့သော ဝမ်းနည်းပူဆွေးလမ်း (မာကု၁၅း၁-၄၇) ကိုအစအဆုံးဂေါလဂေါသ (ကရာနီ)အထိလိုက်လျှောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့်ခရစ်တော်၏ အလောင်းတော်အားရစ်ပတ်ပြီး လျောင်းထားရာနေရာနှင့် ရှင်ပြန်ထမြောက်ရာဖြစ်တဲ့ သချိုင်းဥယျာဉ်တော် (ရှင်ယောဟန် ၁၉း၃၈-၄၂) သို့သွားရောက်ပြီး ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆုတောင်းခြင်းဖြင့် အချိန်ယူမှာဖြစ်ပါတယ်။ ထို့နောက်နေ့လည်စာသုံးဆောင်ပြီး ယေရိခေါမြို့သို့ သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ ယောရှုတို့ဖြိုချခဲ့ကြသောယေရိခေါမြို့ရိုးဟောင်းကိုလည်းမြင်တွေ့ရမှဖြစ်ပါတယ်။ ထို့နောက် ခရစ်တော်ရက်(၄၀)လုံးလုံး အစာရှောင် ဆုတောင်းစဉ် စာတန်မှအမျိုးမျိုးစုံစမ်းနှောက်လျှက်ခဲ့သော တောင်ပေါ်(ရှင်မဿဲ၄:၁-၄)ကိုလည်း လှမ်းမျှော်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ထိုမှတဆင့် ခရစ်တော်အားတွေ့ခွင့်ရရန် ဇက္ခဲတက်ခဲ့သောသစ်ပင်(ရှင်လုကာ၁၉:၁-၁၀)ရှိရာသို့ သွားရောက်ကာဓာတ်ပုံရိုက်ခွင့်များရရှိမှာ ဖြစ်ပါတယ်။ ထို့နောက် ပင်လယ်သေသို့ သွားရောက်ကာပေါလောပေါ်ရေကူးကစားခြင်း၊ အသားရေချောမောလှပစေသောရွှံ့စေးများနှင့် တစ်ကိုယ်လုံးပေါင်းတင်ခြင်းများ ပြုလုပ်ပြီး နောက်၊ တည်းခိုသည့်ဟိုတယ်သို့ပြန်ကာ ညစာသုံးဆောင်ပြီးနောက် အနားယူမှာဖြစ်ပါတယ်။

Day 8(21/4/2020)Day 8: Ein Kareem- Tel Aviv-Jaffa - Haifa- Mt. Carmel- Jordan River- Tiberius

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ ဧလိရှဗက်နှင့်ဇာခရိတို့၏သားနှစ်ခြင်းဆရာရှင်ယောဟန်မွေးဖွားရာဒေသဖြစ်တဲ့အင်ကာရဲင်ရွာသို့ သွားရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် အစ္စရေးနိုင်ငံ၏ စီးပွားရေးမြို့တော်တဲလ်အဗစ်နှင့် ဂျာဖာမြို့များသို့ဖြတ်သန်းရောက်ရှိပြီးနောက် ပရောဟိတ်ဧလိယနေထိုင်ခဲ့သော ကာမေလတောင်ပေါ်သို့လည်းကောင်း၊ ယူနက်စကိုမှအသိမှတ်ပြု၊ ပြုပြင်ထိန်းသိမ်းထားသောပန်းအလှမျိုးစုံနှင့် လှပတဲ့ဘဟိုင်း ဥယျာဉ်ပန်းခြံသို့ လည်းကောင်း၊ ခေတ်မှီတိုးတက်လှပတဲ့ဟိုင်ဖာမြို့ တွင်းလမ်းများသို့ လှည့်လည်ကြည့်ရှုလည်ပါတ်မှာဖြစ်ပါတယ်။ ညနေခင်း တွင်ယော်ဒန်မြစ် (ရှင်မဿဲ ၃:၁၃၁၇) သို့သွားရောက်ကာရေထဲဆင်းပြီးဆုတောင်းလိုသူများ၊ နှစ်ခြင်းမင်္ဂလာခံလိုသူများအတွက်အခွင့်အရေးကောင်းပဲဖြစ်ပါတယ်။ ထို့နောက် တိဗီရိမြို့ တွင် တည်းခိုမှာဖြစ်ပြီး၊ တည်းခိုမည့်ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 9 (22/4/2020)Day 9: Nazareth -Galilee- Boat Ride on Galilee- Cana- Sk Hussein Bridge

ဂါလိလဲနယ်တစ်လျှေက်စတင်လည်ပတ်မှာဖြစ်ပါတယ်။ ကိုယ်တော်မှမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်အား ပွားများစေပြီးလူပေါင်းငါးထောင်ကျော်အား ကျွေးမွေး ခဲ့သော နေရာ(ရှင်မဿဲ၁၄း၁၇-၂၁) သို့လည်းကောင်း၊ လူပေါင်းများစွာအားသွန်သင်ဆုံးမသြဝါဒပေးပြီး၊ တောင်ပေါ်ဒေသနာဟောကြားခဲ့သည့် (ရှင်မဿဲ ၅) မင်္ဂလာတောင်တော်သို့လည်းကောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး တပည့်တော်တို့နှင့်အတူနံနက်စာအတူ စားသုံးခဲ့သောနေရာ (ရှင်ယောဟန် ၂၁) သို့ လည်းကောင်း၊ ခရစ်တော်သာသနာအစပြုခဲ့တဲ့ ကပေရနောင်မြို့ဟောင်း(မာကု၁း၂၁-၂၄) သို့လည်းကောင်းသွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ပေတရုငါးကင်ဖြင့်နေ့လည်စာအား ဂါလိလဲအိုင်ကမ်းစပ်တွင် သုံးဆောင်ပြီးနောက်၊ဂါလိလဲအိုင်ပေါ်(ရှင်မဿဲ၄း၁၈၂၂)တွင် အပျော်စီး ငါးဖမ်းလှေ စီးမှာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ပွဲတစ်ပွဲမှာ သောက်စရာ စပျစ်ရည်များကုန်ဆုံးပြီး၊ မင်္ဂလာပွဲပျက်လုနီးပါးအချိန်မှာ၊ အရှက်မကွဲအကျိုးမနဲစေရန် ခရစ်တော်မှ ရေကိုစပျစ်ရည်အဖြစ် ပြောင်းလဲစေခဲ့သော၊ ခရစ်တော်၏ ပထမဦးဆုံးအံ့ဖွယ်နိမိတ်ပြုခဲ့တဲ့နေရာဖြစ်တဲ့ကာနမြို့(ရှင်ယောဟန် ၂)သို့သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့်နာဇရက်မြို့ (ရှင်လုကာ၄:၁၆-၃၀)သို့သွားရောက်ကာကောင်းကင်တမန်မှ မယ်တော်မာရိအားဗျာဒိတ် ပေးသည့်နေရာ (ရှင်လုကာ ၁:၂၆၃၈)နှင့် ယောသပ်၏နေအိမ်များသို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ညနေချမ်းတွင်နောက်ဆုံးသောစစ်ပွဲကြီးဖြစ်ပွားမည့် အာမဂါဒုန်လွင်ပြင်အား လှမ်းမျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ထို့နောက် Sk Hussein နယ်စပ်တံတားမှတဆင့် ဂျော်ဒန်နိုင်ငံသို့သွားရောက်မှာဖြစ်ပါတယ်။ ခရီးသွား ဧည့်လမ်းညွှန်မှ အပြုံးများဖြင့်လာရောက်ကြိုဆိုမှာဖြစ်ပြီး၊ လိုအပ်သည့်လူဝင်မှုရေးရာများ ဆောင်ရွက်ပြီးနောက်၊ဟိုတယ်တွင် အနားယူမှာဖြစ်ပါတယ်။

Day 10(23/4/2020)Day 10: Petra- Amman- night Departure

နံနက်စာဟိုတယ်တွင် သုံးဆောင်ပြီးနောက် နှစ်ပေါင်းများစွာပျောက်ဆုံးပြီး ပြန်လည်ရှာတွေ့ထားသော၊ ရှေးဟောင်းကျောက်ဆောင်မြို့ကြီးဖြစ်သည့် ပက်ထရာသို့ သွားရောက်ရမည်ဖြစ်သည်။ ပက်ထရာသည် ဂျော်ဒန်နုင်ငံ၏ ရှေးအကျဆုံးသမိုင်းဝင် Nabateans လူမျိုးတို့၏မြို့တော် ဓမ္မဟောင်းကျမ်းထဲတွင် ဧဒုံလူမျိုးတို့၏မြို့တော် သေလဟုဖေါ်ပြပါရှိသည်။ တစ်နေကုန် ပက်ထရာသို့ဝင်ရောက်လေ့လာပြီးနောက် ည(၉:၃၅)နာရီတွင် လေယာဉ်ဖြင့် ဂျော်ဒန်နိုင်ငံ Queen Alia နိုင်ငံတကာလေဆိပ်မှ ဒူဘိုင်းသို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

Day 11(24/4/2020)Day 11: Transit Dubai- Arrival Yangon

ဒူဘိုင်းမှတဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံသစ်သို့ ညနေ(၆:၃၅)နာရီတွင် ပြန်လည်ဆိုက်ရောက်မှာဖြစ်ပါတယ်။ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်သော အတွေ့အကြုံသစ်များနှင့် ကျွန်တော်တို့ရဲ့ Holy Land ခရီးစဉ်မှာ ရန်ကုန်လေဆိပ်အရောက်တွင် ခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။