09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login

Europe Eight Countries Tour

0
Price
From$3,590
Booking Form
Enquiry Form
Full Name*
Email Address*
Your Enquiry*
* I aggree with Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step
The tour is not available yet.

Proceed Booking

Save To Wish List

Adding item to wishlist requires an account

385

Why Book With Us?

  • No-hassle best price guarantee
  • Customer care available 24/7
  • Hand-picked Tours & Activities
  • Free Travel Insureance

Get a Question?

Do not hesitage to give us a call. We are an expert team and we are happy to talk to you.

09 782010000

info@businessplustravel.com

13days
Availability : April10- April22(2020)
Yangon
Doha

Europe Eight Countries Tour

0
  • 13Days
  • April 10 - April 22
  • Pickup: Airpot

Departure and Return Location

Yangon International Airport

Departure Time

3 Hours Before Flight Time

Price Includes

  • Air fares
  • 3 Nights Hotel Accomodation
  • Tour Guide
  • Entrance Fees
  • All transportation in destination location

Price Excludes

  • Guide Service Fee
  • Driver Service Fee
  • Any Private Expenses
  • Room Service Fees
Photos
Itinerary

Day 1 (10-04-2020) Departure Yangon- Doha- Rome

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ကြိုဆိုအပ်ပါတယ်။ စိတ်လှုပ်ရှားစရာများစွာနှင့် ဥရောပခရီးစဉ်စတင်ဖို့ ည(၁၀:၃၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံအသစ်(Terminal-1) တွင်တိုးလီဒါနှင့်အတူ မကြာမှီအမျိုးရင်းပမာ ချစ်ခင်ရင်းနှီးလာကြမည့်မိတ်ဆေသွစ်များနှင့် ဆုံတွေ့ကြရ တော့မှာဖြစ်ပါတယ်။ Qatar လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ-ဒူဟာ၊ ထိုမှတဆင့် ရောမမြို့သို့ စတင်ပျံသန်းမှာဖြစ်ပါတယ်။

Day 2 (11-04-2020) Arrival Rome- Vatican City

အီတလီနိုင်ငံ၊ ရောမမြို့ရှိ Leonardo da Vinci(FCO) သို့ နေ့လည်(၁:၂၀)နာရီတွင် ဆိုက်ရောက်ပြီးနောက်၊ ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်သည့် ကမ္ဘာ့ အသေးဆုံးနိုင်ငံဖြစ်သည့် Vatican သို့သွားရောက်စတင်လည်ပတ်မှာဖြစ်ပြီး၊ မြို့တော်ရှိအံ့ဖွယ် ဗိသုကာလက်ရာများဖြင့် ခမ်းခမ်းနားနား တည်ဆောက် ထားသော ကမ္ဘာ့အကြီးဆုံးဘုရားကျောင်းကြီးဖြစ်သည့် St. Peter’s Basilica ဘုရားကျောင်းကြီးနှင့် St. Peter Square ရင်ပြင်များသို့ သာွ းရောက် လည်ပတ်မှာဖြစ်ပါတယ်။ ထို့နောက် Zen Garden (or) Similar စားသောက်ဆိုင်တငွ် အာရှဘူဖေးဖြင့်ညစာသုံးဆောင်ပြီးနောက်၊ Hotel Mercure Rome West (or) Similarတွင်တစ်ညတာတည်းခို အနားယူမှာဖြစ်ပါတယ်။

Day 3 (12-04-2020) Rome (ITALY)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ရောမမြို့၏ဒေသခံဧညံ့်လမ်းညွန် နှင့်အတူ ကမ္ဘာ့အထူးဆန်းဆုံးနေရာ(၇)ခုစာရင်းဝင်၊ ရောမအင်ပါယာဘုရင်တို့၏ စိတအပန်းဖြေရန်အတွက် Gladiator သူရဲကောင်း အချင်းချင်း တိုက်ခိုက်ရာနေရာတစ်ခုဖြစ်ခဲ့သည့် အီတလနိုင် ငံ၏
Landmark ဖြစ်သော Colosseum ကွင်းကြီးအတွင်းသို့ Groupလက်မှတ်ဖြင့်ဝင်ရောက် လည်ပတ်လေ့လာမှာဖြစ်ပါတယ်။ ထို့နောက် ကမ္ဘာကျော် ရေပန်းတစ်ခု ဖြစ်သော Trevi Fountain သို့သွားရောက်ပြီး အကြွေစေ့ပစ်ထည့်ကာ မိမိလိုရာဆုတောင်းဆိုနိုင်ပြီး အမှတ်တရဓါတ်ပုံများ ရိုက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် (၁၇)ရာစုက စပိန်လူမျိုးတို့ နေထိုင်ခဲ့သော အမှတ်အသားအဖြစ် တည်ဆောက်ခဲ့သည့်လှေကားထစ်များရှိရာ Piazza Di Spagna (Spanish Steps) သို့ သွားရောက် ပြီးနောက်၊ ထို့နောက် နေ့လည်စာအား ဒေသအစားအစာဖြင့်သုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Pantheon ရှေးနတ်ဘုရားများ ကိုးကွယ်ခဲ့သည့်နေရာနှင့် ရောမမြို့၏ အလှပဆုံးသော ရင်ပြင်များထဲတွင် တခုအပါအဝင်ဖြစ်သည့် Navona Square သို့ လမ်းလျှောက်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Tuscany သို့ခရီးဆက်မှာဖြစ်ပြီး၊ Ristorante Cusina Cinese (or) Similar စားသောက်ဆိုင်တငွ် ညနေစာသုံးဆောင်ပြီးနောက်၊ Chianciano Terme အပန်းဖြေမြို့ငယ်လေးရှိ Grand Hotel Admiral Palace (or) Similar ဟိုတယ်တွင် တည်းခို အနားယူမှာ ဖြစ်ပါတယ်။

Day 4 (13-04-2020) Cianciano Terme- Pisa- Florence- Venice (ITALY)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ လှပသည့် Tuscany ဒေသရှိသဘာဝများအားဖြတ်သန်းပြီး၊ ကမ္ဘာ့နာမည်ကြီးအထင်ကရဖြစ်သည့် ဥရောပ၏ (၁၁)ရာစု အလယ်ခေတ် အနုပညာဗိသုကာလက်ရာများဖြင့် တည်ဆောက်ခဲ့သော (၃.၅) ဒီဂရီတိမ်းဆောင်းနေသည့် ပီစာမျှော်စင်(Leaning Tower of Pisa) သို့သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာအား ပီစာမျှေုာ်စင်အနီးရှိ Ristorante Cinese Di Pisa (or) Similar စားသောက်ဆိုင်တွင် တရုတ်ဟင်းလျာများဖြင့် သုံးဆောင်ပြီးနောက်၊ အလွန်လှပသည့်ဖ လောရင်မြို့သို့ သွားရောက်မှာဖြစ်ပါတယ်။ ဖလောရင်မြို့တစ်ခုလုံး အား ကြည်နူးဖွယ်ရာလှမ်းမျှော်ကြည့်ရူ ခံစားနိုင်သည့် Piazzale Michelangelo ရူခင်းသာ သို့သွားရောက်လည်ပတ် မှာဖြစ်ပြီး၊ ဖလောရင့်မြို့နှင့်အတူ လှပပြည့်စုံတဲအလှဓာတ်ပုံများအား ရိုက်ကူးမှာဘဲဖြစ်ပါတယ်။ လေှခါးထစ်များရေတွက်ရင်း လျှောက်ရသည်မှာလည်း အလွန် ပျော်ရွင်ရမှာဘဲဖြစ်ပါတယ်။ ထိုမှတဆင့် ဗီးနစ်မြို့သို့သွားရောက်မှာဖြစ်ပြီး၊ Shanghai စားသောက်ဆိုင်တွင် ညနေစာသုံးဆောင်ပြီး နောက်၊ Anthony
Palace (or)Similar Hotel တွင်တည်း ခို အနားယူမှာဖြစ်ပါတယ်။

Day 5 (14-04-2020) Venice (ITALY)- Innsbruck (AUSTRIA)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဗီးနစ်မြို့သို့ ကိုယ်ပိုင်စက်လှေ(private boat)ဖြင့် San Marco ကျွန်းပေါ်သို့သွားရောက်မှာဖြစ်ပြီး၊ မတ်တပ်ရပ် လှော်ခတ်ရသော Gondola လှေငယ်လေးများအား ရိုမန်တစ်ဆန်ဆန် မြို့အလှခံစားရင်းစီးနှင်းမှာဖြစ်ပါတယ်။ ထို့နောက် ဗီးနစ်မြို့လေး၏ အလှအပများ၊ လမ်းကျဉ်းလေးများ၊ ဈေးအရောင်းဆိုင်များ၊ အနုပညာလက်ရာများဖြင့် တည်ဆောက်ထားသော St. Mark ဘုရားကျောင်း၊ Campanile နာရီမျှော်စင်၊ ရင်ပြင်၊ Doge’s နန်းတော်၊ Rialto ဂုံးတံတားအပါအဝင်၊ ချောင်းကလေးများအား ချိတ်ဆက်ထားသော လိပ်ခုံးဂုံး တံတားလေးများ၏ အလှအပရှုခင်းများအား ကြည့်ရှုခံစားမှာဖြစ်ပါတယ်။ ထိုမှတဆင့် သြစတီးယားနိုင်ငံ၏ အလှဆုံးမြို့ Innsbruck မြို့သို့ ဆက်လက်ထွက်ခွာမှာဖြစ်ပြီး၊ လမ်းခရီးတွင် နေ့လည်စာ သုံးဆောင်မှာဖြစ်ပါတယ်။ ထို့နောက် (၁၆)ရာစုကတည်းက ခေတ်မှီလက်ရာဖြင့်တည်ဆောက်ထားခဲ့သော Tyrolean State Theatre ပြဇာတ်ရုံသို့ သွားရောက် လည်ပတ်ပြီးနောက်၊ ရွှေဖြင့်ပြုလုပ်ထားသော နာမည်ကြီး ရွှေခေါင်မိုး(Golden Roof) သို့ကြည့်ရှုလည်ပတ်မှာဖြစ်ပါတယ်။ ထို့နောက် ရောင်စုံအိမ်လေးများဖြင့် လှပသည့် မြစ်ကမ်းရှိ Colored House သို့သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Innsbruck မြို့၏ ကမ္ဘာကျော် Swarovski ဆိုင်သို့ဝင်ရောက်လည်ပတ်မှာဖြစ်ပြီး၊ Crystal ကျောက်များ၊ လက်ဝတ် ရတနာများမျိုးစုံ မြင်တွေ့ ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။ အလွန်လှပသောနှင်းတောင်တန်းနှင့် ရွာငယ်လေးများအားဖြတ်သန်းပြီးနောက် Innsbruck မြို့ရှိ Happy Wok စားသောက်ဆိုင်တွင်ညစာ သုံးဆောင်မှာ ဖြစ်ပါတယ်။ ထိုနေ့ တွင် တစ်ညတာအား Ramada Innsbruck (or) similar ဟိုတယ်တွင်တည်းခို အနားယူမှာဖြစ်ပါတယ်။ တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 6 (15-04-2020) Vaduz (LIECHTENSTEIN) – Lucerne (SWITZERLAND)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ကမ္ဘာပေါ်တွင် တစ်ဥချင်းဝင်‌ငွေအများဆုံးနှင့် ကမာအသေးငယ်ဆုံး(၆)နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သော Liechtenstein နိုင်ငံ သို့ သွားရောက်မှာဖြစ်ပြီး၊ လမ်းခရီးတွင်ရှိသော Feldkirch မြို့ရှိ Lotos ဘူဖေးတွင်နေ့လည်စာ သုံးဆောင်ပြီးနောက်၊ Liechtenstein
နိုင်ငံ၏မြို့တော် Vaduz မြို့၏အလှ၊ ရဲတိုက်နှင့် တောင်တန်းအလှများအား အပျော်စီး Dotto ရထားငယ်လေးစီးပြီး အားရပါးရစား သောက်လည်ပတ်ရမှာ ဖြစ်ပါတယ်။ ထမို ှတဆင့် ဆွစ်ဇာလန်နိုင်ငံ၏ အလဆုံးမြို့ တွေထဲကတစ်မြို့ဖြစ်သည့် လှပသော ပန်းချီကားမြို့လေးသဖွယ်လူဇန်းမြို့သို့ဆက်လက် ထွက်ခွာမှာဖြစ်ပါတယ်။ ပြင်သစ်တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားသော စစ်သားများအတွက် အမှတ်တရတည်ဆောက် ထားသော Lion Monument နှင့် ရှေးအကျဆုံး သစ်သားတံတားဖြစ်သည့် Chapel Bridge များသို့ သွားရောကလည်ပတ် ပြီးနောက်၊ ကမ္ဘာကျော်နာရီ Rolex, Carl F.Bucheerer, Omega, Tissot စသော brand ပေါင်းများစွာရှိသည့် Bucherer နာရီဆိုင်သို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ထိုမှတဆင့် Kanchi Indian (or) Similar စားသောက် ဆိုင်တွင် ညနေစာသုံးဆောင်ပြီးနောက်၊ zurichမြို့ရှိ Ibis Messe Airport Hotel (or) similar ဟိုတယ်တွင် တစ်ညတာ တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 7 (16-04-2020) Engelberg- Mount Titlis- Rhine Falls (SWITZERLAND) - Titisee (GERMANY)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ နာမည်ကြီး ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲဖြစ်သော Crash Landing on You ဇာတ်ကားရှိ ဇာတ်ဝင်ခန်းထဲမှ ရေကန်သို့သွားရောက်လည်ပတ်မှာဖြစ်ပြီး၊ မင်းသားမှ Piano တီးခဲ့သည့်နေရာတွင် အမှတ်တရဓာတ်ပုံများရိုက်ကူးခွင့်ရမှာဖြစ်ပါတယ်။ ထိုမှတဆင့် အမြင့်ပေ(၁၀,၀၀၀) ကျော်ရှိသည့် ဥရောပတိုက်၏ Alps ရေခဲတောင်ဖြစ်သည့် နာမည်ကျော် Mt. Titilis နှင်းတောင်ထိပ် (၃,၂၃၈ မီတာ)သို့ ကောင်းကင် ကြိုးရထား(Cable car)ဖြင့်တက်ရောက်မှာဖြစ်ပြီး၊ ထိုမှတဆင့် ကမ္ဘာ့ပထမဆုံး ဆုံလည်ကောင်းကင် ကြိုးရထား (Revolving Cable) ဖြင့် နောက်တဆင့် ထပ်မံတက်ရောက်လည်ပတ်မှာဖြစ်ပါတယ်။ နှင်းတောင်ထိပ်တွင် ရေခဲလှိုင်ဂူ (Glacier Cave)နှင့် နှင်းတောင်စွန်းတစ်ဖက်နှင့် တစ်ဖက်စွန်း ချိတ်ဆက် ထားသောသံကြိုးတံတား(Cliff Walk) များသို့လည်ပတ်မှာဖြစ်ပါတယ်။ နေ့လည်စာအား တောင်ထိပ် စားသောက်ဆိုင်ရှိ Indian စားသောက်ဆိုင်တငွ ် သုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ဥရောပတိုက်၏အကြီးဆုံး ရေတံခွန်ဖြစ်သည့် ရိမ်းရေတံခွန်(Rhein Fall)သို့ ဝင်ရောက် လည်ပတ်မှာဖြစ်ပြီး၊ ညနေစာ သုံးဆောင်ပြီးနောက်၊ တစ်ညတာအား Holiday Inn (or) Similar ဟိုတယ်တွင် တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 8 (17-04-2020) Titisee – Cologne (GERMANY)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဂျာမနီနိုင်ငံ၏ Titisee မြို့သို့သွားရောက်မှာဖြစ်ပြီး၊ သာယာလှပသည့် Lake Titisee တွင်လည်ပတ် အနားယူပြီးနောက်၊ ရေကန်အနီးရှိ ဂျာမန်အစားသောက်ဖြင့် နေ့လည်စာသုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ကလုန်း(Cologn)မြို့သို့ ဆက်လက် ထွက်ခွာကာ၊ ကလုန်းမြို့၏အထင်ကရနေရာ များအား သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းကြီး တစ်ခုဖြစ်သည့် နာမည်ကြီး Colonge Cathedral သို့လည်းကောင်း၊ ဘုရားကျောင်းကြီးဘေးမှစီးဆင်းသည့် Rhein မြစ်အလှနှင့် ချစ်သူများ အချစ်သော့ကလေးများ ချိတ်ဆွဲ‌လေ့ရှိသော hohenzollernbrücke တံတားသို့သွားရောက်လည်ပတ်ပြီးနောက်၊ တစ်ခေတ်တစ်ခါက နာမည်ကြီး ခဲ့သော အော်ဒီကလုန်းရေမွှေး ထုတ်လုပ်ရောင်းချသည့် ဆိုင်သို့သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ညနေစာအား Mandalay Restaurant တွင် မြန်မာအစားသောက်ဖြင့် ညစာသုံးဆောင်ပြီးနောက်၊ Holiday Inn Express Cologne – City Centre (or) Similar ဟိုတယ်တွင် တစ်ညတာတည်းခိုအနားယူမှာဖြစ်ပါတယ်။ တယ်။ အဲဒီမှာ မျောက်ေတွေနဲ့တခြားသောတိရိစ္ဆာန်လေးတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုမှတဆင့်ညနေစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်Good Morning Hagersten Hotel or similar ဟိုတယ်တွင်တစ်ညတာ အနားယူမှာဖြစ်ပါတယ်။

Day 9 (18-04-2020) Köln (Cologne, GERMANY)- Keuukenhof- Amsterdam- Rotterdam (NETHERLAND)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ နယ်သာလန်နိုင်ငံသို့ခရီးဆက်မှာဖြစ်ပြီး၊ အမ်စတာဒမ်မြို့ရှိ ကမ္ဘာအကြီးဆုံး နှင့် ပန်းပေါင်းအမျိုးအစား အစုံဆုံးဖြစ်သည့် ရောင်စုံကျူလစ် (Tullip) ပန်းများ အများအပြားဖူးပွင့်သည့် Keukenhof သို့သွားရောက်လည်ပတ်မှာဖြစ်ပြီး၊ ထိုမှတဆင့် နာမည်ကြီး Zaanse Schans (windmills) ရေဒပာတ်ရွာသို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဟော်လန်လူမျိုးများ၏ ရိုးရာခုံဖိနပ်၊ ရဟတ်နှင့် ချိစ်လုပ်ငန်းများ သို့သွားရောက် လေ့လာပြီးနောက်၊ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူရရှိမှာဖြစ်ပါတယ်။ ထိုမှတဆင့် Asian Fusion Kitchen တွင့်နေ့လည်စာ သုံးဆောင်ပြီးနောက်၊ အမ်စတာဒမ် မြို့၏အချက်ချာတွင်ရှိသော Dam Square သို့ သွားရောက်လေ့လာလည်ပတ်ပြီး၊ အမ်စတာဒမ်မြို့၏ အလှအပအဆောက်အဦးများ၊ လမ်းကျဉ်းလေးများ၊ စမ်းချောင်းဘေးမှ ယိုင်နေသောအိမ်ကလေးများ၊ တံတားလေးများသို့ သွားရောက်လည်ပတ်ပြီးနောက် အလှဓာတ်ပုံများရိုက်ကူးမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် အမ်စတာဒမ်၏နာမည်ကြီး အပန်းဖြေလမ်း Red Light District သို့လည်ပတ်ပို့ဆောင်ပေးပြီးနောက်၊ China Sichuan Restaurant တွင် စီချွမ်း အစားအသောက်ဖြင့် ညနေစာသုံးဆောင်မှာဖြစ်ပါတယ်။ ထို့နောက် Mercure Hotel Rotterdam (or) Similar ဟိုတယ်တွင် တည်းခိုအနားယူမှာ ဖြစ်ပါတယ်။ ဖြစ်ပြီး၊ ညနေစာအား သင်္ဘောပေါ်တွင်ဘူဖေးဖြင့်သုံးဆောင်မှာ ဖြစ်ပါတယ်။

Day 10 (19-04-2020) Rotterdam (NETHERLAND) - Brussels (BELGIUM) - Paris (FRANCE)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဘယ်လ်ဂျီယံနိုင်ငံ၏ နာမည်ကြီးပြယုဒ် ဖြစ်သည့် Atomium သို့သွားရောက်လည်ပတ်ကြည့်ရှုပြီးနောက်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ၏မြို့တော်ဘရက်ဆဲလ်သို့သွားရောက်မှာဖြစ်ပါတယ်။ ဘရက်ဆဲလ်မြို့ရှိ အထင်ကရနေရာများဖြစ်သော မြို့တော်ခန်းမ၊ ဈေးတန်းရင်ပြင်၊ Guild houses နှင့်မယ်နီကင် သေးပေါက်တဲ့ကလေးရုပ်ထု Peeing Boy (Manneken Pis)နှင့် မြို့၏အလှအပနေရာများသို့ လည်ပတ်မှာဖြစ်ပြီး၊ ထိုမှတဆင့် Shanghai စားသောက်ဆိုင်တွင် နေလည်စာသုံးဆောင်ပြီးနောက်၊အချစ်မြို့တော်ဟုခေါ်ဆိုသည့် ပဲရစ်မြို့သို့ သွားရောက်မှာ ဖြစ်ပြီး၊ စစ်သူကြီးနပိုလီယံ၏ စစ်ပွဲ အာင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ်စိုက်ထူထားခဲ့သည့် နာမည်ကျော် Arc De Triomphe မုဒ်ဦးသို့ သွားရောက်လည်ပတ် ကြည့်ရှုပြီးနောက်၊ Louis Vuitton, Chanel အစရှိသည့် ကမ္ဘာကျော် ရှောင်ဇလီဇီလမ်း (Champs-Elysees Avenue) သိုသွားရောက်လည်ပတ်မှာ့ ဖြစ်ပါတယ်။ ထိုမှတဆင့် Saint Marc ရှိ Royal Buffet (or) Similar စားသောက်ဆိုင် တွင် ဘူဖေး ညနေစာသုံးဆောင်ပြီးနောက်၊ ညပိုင်းတွင် ရင်ခုန်စရာမီးရောင်လေးများနှင့်လှပသညှ့်Pont Alexandre III တံတား၊ မီးရောင်စုံဖြင့် ထွန်းပြီး လှလွန်းသည့် Eiffel Tower ၏ညအလှအား Place du Trocadero ရင်ပြင်ပေါ်မှ ကြည့်ရှုခံစားမာဖြစ် ပါတယ်။ ထို့နောက် ညနေစာအား Au Wok Palace Restaurant ပဲရစ်မြို့တွင် သုံးဆောင်ပြီးနောက်၊ Mercure Hotel (or)Similar ဟိုတယ်တွင် တည်းခိုအနားယူမှာ ဖြစ်ပါတယ်။

(HEL)နိုင်ငံတကာလေဆိပ်မှကာတာလေကြောင်း လိုင်းဖြင့်ဒိုဟာမှတဆင့်ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

Day 11 (20-04-2020) Paris City tour & night tour (FRANCE)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ နာမည်ကျော်အီဖယ်တာဝါ၏ ဒုတိယထပ် (Eiffel Tower Level 2) အထိ တက်ရောက်ပြီး ပဲရစ်မြို့၏ အလှအား အပေါ်စီးမှ ကြည့်ရခံစားရမှာဖြစ်ပါတယ်။ ထို့‌နောက်ပဲရစ်မြို့၏နာမည်ကျော်စိန့်(Seine)မြစ်အတွင်း အပျော်စီးသင်္ဘောစီးကာ၊ အီဖယ်တာဝါအပါအဝင် ပရဲစ်မြို့၏ရူခင်း အလှများအား စိန်မြ့စ်ကမ်းတစ်လျှောက်လှည့်ပတ်ကြည့်ရူမှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် နေ့လည်စာအား Chez Ming (or) Similar စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက် ၊ ကမ္ဘာကျော် မိုနာလီဇာပန်းချီကားနှင့် နာမည်ကျော် ပန်းချီကားမျိူးစုံ ပြသထားသည့် ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီး ဖြစ်သော လုဗ်ပြတိုက် (Louvre Museum) သို့သွားရောက်လည်ပတ်ကြည့်ရှုလေ့လာမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Paris ရင်ပြင်အပါအဝင် ပဲရစ်မြို့၏ နာမည်ကြီးအထင်ကရနေရာများအား လှည့်လည်ကြည့်ရူ၊ ညနေစာအား Royal buffett တွင်သုံးဆောင်ပြီးနောက်၊ တည်းခိုသည့်Hotel Mercure Paris Porte d’Orléans (or) Similar ဟိုတယ် သိုပြန်ကာ ဒုတိယညထပ်မံတည်းခိုအနားယူမာဖြစ်ပါတယ်

Day 12 (21-04-2020) Paris –Versailles Palace- Galeries Lafayette (FRANCE) – night Departure

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ (၁၆)ရာစုမှစတင်ကာ လူးဝစ်ဘုရင် (၁၃) မှ (၁၆) အထိ အဆက်ဆက်ပြုပြင်တည်ဆောက်ခဲ့သောဥရောပ၏ အကြီးဆုံးနန်းတော်ဖြစ်သည့် ဗာဆိုင်းနန်းတော်သို့သွားရောက်လည်ပတ်လေ့လာမှာဖြစ်ပါတယ်။ ရွှေရောင်တဝင်းဝင်းလက်နေသည့် နန်းတော်ရှေ့တွင်အမှတ်တရဓာတ်ပုံများ ရိုက်ကူးမည့်အပြင်၊ ဗာဆိုင်းနန်းတော်အား အထူးကျွမ်းကျင်သည့်လမ်းညွှန်မှ အသေးစိတ်ရှင်းပြချက်များအား နားထောင်ရင်း အံ့သြဖွယ်ရာ ကြီးကျယ်ခမ်းနားသည့် ဘုရင့်အိပ်ခန်း၊ ဘုရားဝတ်ပြုခန်း၊ မှန်ခန်း၊ ရုံးခန်းများအား တစ်ခုမကျန် နန်းတော်အတွင်းထဲတွင် ဝင်ရောက်လည်ပတ် လေ့လာမှာဖြစ်ပြီး၊ စိတ်ဝင်စားစရာလေ့လာမှုများစွာဖြင့် ပြည့်နှက်နေမှာဖြစ်ပါတယ်။ ထိုမှတဆင့် နေ့လည်စာအား Mali Cuisine ထိုင်းစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်၊ LV မှအစ ထိပ်တန်းဘုရင်များအားလုံး တစ်နေရာတည်းတွင်ရှိသည့် နာမည်ကြီး Galeries Lafayette ဈေးဝယ်စင်တာသို့ သွားကာ အားရပါးရဈေးဝယ်ကြမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ည(၇:၃၀)တွင် လေယာဉ်စီးရန်အတွက် Paris ( CDG) လေဆိပ်သို့ သွားရောက်မှာဖြစ်ပြီး၊ ညနေစာအား လေဆိပ်တွင်သုံးဆောင်ပြီးနောက်၊ ည(၁၀:၄၀)နာရီ Qatar လေကြောင်းလိုင်း လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါ တယ်။

Day 13 (22-04-2020) Doha- Yangon Arrival

ဒိုဟာမှ ရန်ကုန်မြို့သို့ ညနေ(၉:၅၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်(Terminal-1) သို့ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ရရှိခဲ့တဲ့ အမြင်သစ်များ၊ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်သော အတွေ့အကြုံသစ်များနှင့်အတူ ဥရောပခရီးစဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရောက်တွင် အမှတ်တရများစွာဖြင့် ခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။