09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login

British Tour

0
Price
From$3,750
Booking Form
Enquiry Form
Full Name*
Email Address*
Your Enquiry*
* I aggree with Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step
The tour is not available yet.

Proceed Booking

Save To Wish List

Adding item to wishlist requires an account

301

Why Book With Us?

  • No-hassle best price guarantee
  • Customer care available 24/7
  • Hand-picked Tours & Activities
  • Free Travel Insureance

Get a Question?

Do not hesitage to give us a call. We are an expert team and we are happy to talk to you.

09 782010000

info@businessplustravel.com

10 Days
Availability : April 9 - April 18
Yangon
British

British Tour

0
  • 10 Days
  • April 9’ - April 18'
  • Pickup: Airpot

Departure & Return Location

Yangon International Airport

Departure Time

3 Hours Before Flight Time

Price Includes

  • Air fares
  • 3 Nights Hotel Accomodation
  • Tour Guide
  • Entrance Fees
  • All transportation in destination location

Price Excludes

  • Guide Service Fee
  • Driver Service Fee
  • Any Private Expenses
  • Room Service Fees
Photos
Itinerary

Day (1) (09-04-2020) Departure Yangon- Arrival Doha, Qatar

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ကြိုဆိုအပ်ပါတယ်။ စိတ်လှုပ်ရှားစရာများစွာနှင့် စကင်ဒီနီးဗီးယားခရီးစဉ်စတင်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ထွက်ခွာအဆောက်အအုံသစ်(Terminal-1) မှာ Tour Leader နှင့်အတူည(၁၁:၀၀)နာရီတွင်ခရီးအတူသွားမည့်မိတ်ဆွေများနှင့် ဆုံတွေ့ကြရတော့မှာဖြစ်ပါတယ်။မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ကြိုဆိုအပ်ပါတယ်။
စိတ်လှုပ်ရှားစရာများစွာနှင့် ဗြိတိန်ခရီးစဉ်စတင်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ (Terminal-1)မှာ တိုးလီဒါနှင့်အတူ မကြာမှီခင်မင်ရင်းနှီးလာမည့် ခရီးအတူသွားမိတ်ဆွေသစ်များနှင့် ည (10:30) တွင် ဆုံတွေ့ကြရတော့မှာဖြစ်ပါတယ်။ Qatar လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဒိုဟာ၊ ထိုမှတဆင့် စကော့တလန်၏မြို့တော် အီဒင်ဘတ်လေဆိပ်သို့ စတင်ပျံသန်းမှာ ဖြစ်ပါတယ်။

Day (2) (10-04-2020) Doha City Tour - Copenhagen Arrival (Denmark)

ရန်ကုန်မှ Qatar လေကြောင်းလိုင်းဖြင့် မနက် (၀၁:၀၅) နာရီတွင် ခရီးစတင်မှာဖြစ်ပြီး၊ ကာတာနိုင်ငံဒိုဟာမြို့သို့ နံနက်(၄:၅၅)နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ကာတာ လေဆိပ်တွင် လိုအပ်သောလူဝင်မှုရေးရာများဆောင်ရွက်ပြီးနောက်၊ နံနက်စာအား အိန္ဒိယဆိုင်တွင်သုံးဆောင်ပြီး၊ ဒိုဟာမြို့အတွင်းစတင် လည်ပတ်မှာ ဖြစ်ပါတယ်။ ၂၀၂၂-ကမ္ဘာ့ဖလားဘောလုံးပွဲဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပမည့်ဘောလုံးကွင်းနှင့် ဒိုဟာအားကစားမြို့၊ ဖန်တီးတည်ဆောက်ထားသော လူလုပ်ကျွန်း The Pearl Qatar နှင့် ဒေါ်လာသန်းချီတန်ဖိုးရှိသည့် လူနေအိမ်ရာများ၊ လှပတဲ့ဒိုဟာမြို့၏ မိုးမျှော်တိုက်တာ အဆောက်အအုံများနှင့် အပန်းဖြေကမ်းခြေ များသို့ အနားယူလည်ပတ်ပြီးနောက်၊ ညနေ(၀၃:၃၅)နာရီတွင်လေယာဉ်ဖြင့်ဒိုဟာလေဆိပ်မှတဆင့်ဒိန်းမတ်နိုင်ငံ၏မြို့တော် ကိုပင်ဟေဂင်နိုင်ငံတကာလေဆိပ်သို့ပြန်လည်ထွက်ခွာမှာဖြစ် ည(၉:၀၅)နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ကမ္ဘာ့သက်တမ်းအကြာဆုံးဘုရင်အုပ်စိုးခဲ့တဲ့ သမိုင်းဝင် မြို့တော်ကြီးက ခမ်းနားလှတဲ့ တော်ဝင်အဆောက်အဦးများက မိတ်ဆွေအားကြိုဆိုနေမှာ ဖြစ်ပါတယ်။ ထို့နောက် Scandic Sydhavnan ဟိုတယ်(သို့) အဆင့်တူဟိုတယ်တွင်တစ်ညတာတည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 3: (11-04-2020)- (Edinburgh) (Manchester)

နံနက်စာကို Hotel တွင် သုံးဆောင်ပြီးနောက် မန်ချက်စတာ (Manchester) မြို့သို့ ကားဖြင့် ထွက်ခွါမှာဖြစ်ပါတယ်။ လမ်းတွင် Gretna Green မှာ ခဏရပ်ပြီးတော့ နာမည်ကြီး ရောမပုံပြင်ထဲက အချစ်ရွာကလေးကိုလည်ပတ်ပါမည်။ ထို့နောက် ဖက်ရှင်ကျတဲ့၊ အုတ်အုတ်ကျက်ကျက်နိုင်လှတဲ့ အင်္ဂလန်ရဲ့ထုတ်လုပ်မှုအကောင်းဆုံးစက်မှုမြို့တော် မန်ချက်စတာဆီ ဆက်သွားပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်မှာဖြစ်ပါတယ်။ ထိုနောက်မှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ Old Trafford Stadium ဘောလုံးကွင်းဆီ သွားရောက်လေ့လာလည်ပတ်မှာဖြစ်ပါတယ်။ ဘောလုံးကွင်းအတွင်းရှိ အားကစားသမားများ၏ အဝတ်လဲခန်းများနှင့် ကွင်းအတွင်းသို့ ဝင်ရောင်၍ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပြီး အမှတ်တရာလက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန်အရောင်းဆိုင်သို့ သွားရောက်ကြမှာဖြစ်ပါတယ်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်မှာဖြစ်ပြီး တနေ့တာ ပင်ပန်းခဲ့သမျှ Malmaison Manchester Hotel (or) Similar Hotel တွင် အိပ်စက်အနားယူမှာပဲ ဖြစ်ပါတယ်။

Day 4: (12-04-2020) (Manchester) -(Liverpool)

နံနက်စာကို Hotel တွင် သုံးဆောင်ပြီးနောက် The Beatles အဖွဲ့ရဲ့မွေးရပ်မြေလည်းဖြစ် နာမည်ကြီး ပရီးမီးယားလိဂ် ကလပ်ဘောလုံးအသင်းနှစ်သင်းရှိတဲ့ လီဗာပူးလ် နယ်စပ်ကို ဦးတည်မှာ ဖြစ်ပါတယ်။ နေလည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးပါက နောက်တစ်နေရာကတော့ ၁၈၄၆ ခုနှစ်မှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ The Albert Dock ကို သွားရောက်လည်ပါတ်မှာပဲ ဖြစ်ပါတယ်။ The Albert Dock သည် သစ်သားလုံးဝမပါဘဲ သံကြွပ်၊ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ဗြိတိသျှရဲ့ ပထမဆုံးသင်္ဘောကျင်း အဆောက်အဦးတွေနဲ့ ဂိုဒေါင်တွေရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီနေရာကို ကမ္ဘာ့ ပထမဆုံး မီးမလောင်နိုင်တဲ့ ဂိုဒေါင်စနစ် ဖြစ်ပါတယ်။ ထို့နောက်ညစာသုံးဆောင်ပြီးနောက် မန်ချက်စတာသို့ ကားနဲ့ပြန်လာမှာဖြစ်ပြီး ဟိုတယ်တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမှာ ဖြစ်ပါတယ်။

Day 5: (13-04-2020)(Manchester) (Cardiff) (Bristol)

နံနက်စာ သုံးဆောင်ပြီးနောက် ကမ္ဘာမှာ အလုပ်အများဆုံးဆိပ်ကမ်းမြို့ဖြစ်တဲ့ ဝေလမြို့တော် Cardiff ကို သွားမှာ ဖြစ်ပါသည်။ အမျိုးသားပြတိုက်မှာ Wales တွေရဲ့သဘာဝသမိုင်းကြောင်း၊ ဘူမိဗေဒ၊ ဗိသုကာပညာနဲ့အနုပညာတွေကို လေ့လာကြည့်ရှုမှာပဲ ဖြစ်ပါတယ်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး မျက်မှောက်ခေတ်ရဲ့Millennium Centre နဲ့ National Assembly ရှိတဲ့ ကျော်ကြားလှသော Millennium Stadium နှင့် Plas Roald Dahl ကိုလည်း သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ပြီးလျှင် ညစာသုံးဆောင်ပြီးနောက် ညတွင်းချင်း ဘရစ်စတိုလ်ကို ဆက်လက်ထွက်ခွါမှာပဲ ဖြစ်ပါတယ်။

တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day 6: (14-04-2020) (Bristol) (Bath) (Stonehenge) (Oxford)

နံနက်စာသုံးဆောင်ပြီးနောက် လှပတဲ့ ဂျော်ဂျီယန်မြို့တော် (Bath) ဘတ်သ် ဆီဦးတည်သွားမှာပဲ ဖြစ်ပါတယ်။ Roman Baths နဲ့ ကျော်ကြားလှတဲ့ Pulteney Bridge တံတားအပါအဝင် ဥရောပရဲ့ အကောင်းဆုံး ဗိသုကာလက်ရာနေရာများဆီသို့ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ပြီးနောက် နေ့လည်စာသုံးဆောင်ပြီး အင်္ဂလန်နိုင်ငံရဲ့ အံ့သြဖို့ကောင်းလှတဲ့ အင်ဂျင်နီယာစွမ်းပကားနဲ့ သမိုင်းမတိုင်မီ တည်နေရာတစ်ခုဖြစ်တဲ့ ရှေးဟောင်းကျောက်တုံးတွေဝိုင်းရံထားတဲ့ စတုန်းဟန့်ချ် (Stonehenge) ဆီသွားပါမည်။ ထို့နောက် အောက်စဖိုဒ့်မြို့ သို့ စတင်ထွက်ခွါမှာဖြစ်ပါတယ်၊ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး တနေ့တာပင်ပန်းခဲ့သမျှကို Holiday Inn Oxford Hotel (or) Similar 4 Star Hotel တွင် အေးချမ်းစွာ အိပ်စက်အနားယူမှာပဲ ဖြစ်ပါတယ်။

Day 7: (15-04-2020) (Oxford) (Cambridge) (London)

နံနက်စာသုံးဆောင်ပြီးနောက် Oxford မြို့၏ အကြီးဆုံးဖြစ်သော ကောလိပ်တစ်ခုဖြစ်သည့် Christ Church College၊ Bodleian Library နှင့် အခြားသော နာမည်ကျော်နေရာများအား လိုက်လံကြည့်ရှုလေ့လာမည် ဖြစ်ပါသည်။ ထိုနောက် နေ့လည်စာသုံးဆောင်ပြီး ကင်းဘရစ်ချ် (Cambridge) မြို့သို့ (၂)နာရီခန့် ကားစီးပြီး ဆက်လက်ထွက်ခွါမည် ဖြစ်ပါသည်။ King’s College (ကမ္ဘာအနှံအပြားမှ လူတော်များမွေးထုတ်ရာနေရာ) သို့ သွားရောက်လေ့လာ လည်ပါတ်ပါမည်။ ထိုနောက် Cam မြစ်တစ်လျှောက် လှေစီးရင်း Cambridge (ကင်းဘရစ်ချ်) မြို့၏အလှအပများကို လှည့်လည်ခံစားကြည့်ရှုမည် ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် လန်ဒန် (London) မြို့သို့ (၂) နာရီခန့် ကားစီးပြီး ဆက်လက်ထွက်ခွါမည် ဖြစ်ပါသည်။ Hotel Double Tree by Hilton London-Docklands Riverside (or) Similar Hotel တွင် ဝင်ရောက်တည်းခိုပြီး တနေ့တာပင်ပန်းခဲ့သမျှ အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

Day 8: (16-04-2020) (London) (Windsor) (London)

နံနက်သုံးဆောင်ပြီးနောက် လန်ဒန်မြေအောက်ရထား (the Tube ဟု လူသိများသည်) စီးဖို့ခေါ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ မြေအောက်ရထားလိုင်း ၁၁ လိုင်းရှိပြီးတော့ ၄၀၂ ကီလိုမီတာ ရောက်ရှိနိုင်အောင် ဘူတာရုံပေါင်း(၂၇၀) နဲ့ဝန်ဆောင်မှုပေးနေသည်။ အဲဒီ့မြေအောက်ရထားလိုင်းဟာဆိုရင် (၁၈၆၃)ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီးတော့ ကမ္ဘာ့ရှေးအကျဆုံးနဲ့ အကြီးဆုံးလမ်းကြောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ထိုနောက် ထပ်မံလည်ပတ်ရမယ့် နေရာတွေကတော့ လန်ဒန်မြို့ရဲ့အထင်ကရ နေရာတွေ ဖြစ်တဲ့ Tower of London နဲ့ Tower Bridge ဖြစ်ပါတယ်။ Green Park မြင်ကွင်း၊ လန်ဒန်အိမ်ယာတွေနဲ့ အင်္ဂလန်သက်ဦးဆံပိုင်ဘုရင်ခေတ်က အုပ်ချုပ်ရေး ဆိုင်ရာဌာနချုပ်တွေရှိတဲ့ Buckingham နန်းတော်၊ လွှတ်တော်၊ Big Ben နာရီမျှော်စင်၊ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ Westminster Abbey ၊ လန်ဒန်မြို့ မြင်ကွင်း London Eye စသည့် လန်ဒန်ခရီးစဉ်ရဲ့အဓိကကျတဲ့ အစိတ်အပိုင်း အားလုံးပါဝင်မှာပဲ ဖြစ်ပါတယ်။ နေ့လည်စာသုံးဆောင်ပြီးနောက် မြို့လယ်ခေါင်ရဲ့ထင်ရှားတဲ့နေရာတွေဖြစ်တဲ့ Piccadilly Circus ၊ Leicester Square၊ China Town နဲ့ Trafalgar Square တွေကို လည်ပတ်မှာဖြစ်ပါသည်။

Day 9: (17-04-2020) London and Return Trip

နံနက်စာသုံးဆောင်အပြီးမှာ တော်ဝင်မိသားစုရဲ့ နှစ်ပေါင်း(၉၀၀)တိုင်တိုင် နေထိုင်ခဲ့သော ဘုရင်မကြီးရဲ့ တရားဝင်နေအိမ်လည်းဖြစ်တဲ့ Windsor ရဲတိုက်ဆီသွားပါမည်။ ရဲတိုက်ထဲမှာ ဝင်ရောက်လည်ပတ်မှာဖြစ်ပြီး၊ ၁၄ ရာစု St. George’s Chapel နှင့် မြေအောက်ခန်းများကိုလည်း လှည့်လည်ကြည့်ရှုပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် လန်ဒန်ဆီပြန်သွားပြီး Harrods ဇိမ်ခံပစ္စည်းစတိုးဆီ ဆက်သွားပါမည်။ ထို့နောက် နာမည်ကျော်ကြားလှတဲ့ Oxford Street (သို့) Westfield London မှာ ဈေးဝယ်ထွက်မှာဖြစ်ပါသည်။

Day 10: (18-04-2020) Arrived Yangon

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် အပြန်ခရီးအတွက် London Heathrow လေဆိပ်ဆီသို့သွားရောက်မှာဖြစ်ပါသည်။ Qatar Airways ဖြင့် စီးနင်းမှာဖြစ်ပြီး၊ လေယာဉ်ထွက်ခွာချိန်မှာ နံနက် (9:15) နာရီဖြစ်ပါတယ်။ ပြန်သန်းချိန်(၇)နာရီနီးပါးကြာမြှင့်ပြီးနောက်၊ ညနေ(6:15)နာရီတွင် ဒိုဟာ လေဆိပ်သို့ပြန်လည်ဆိုက်ရောက်မှာဖြစ်ပါတယ်။ ထို့နောက် ညနေ(8:15)နာရီလေယာဉ်ဖြင့် ဒိုဟာလေဆိပ်မှ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်(6:15)နာရီတွင် ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ရရှိခဲ့တဲ့အမြင်သစ်များ၊ ဘယ်တော့မှမေ့နိုင်တော့မည် မဟုတ်သော အတွေ့အကြုံသစ်များနှင့်အတူ ဗြိတိန်ခရီးစဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရောက်တွင် အမှတ်တရများစွာဖြင့် ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။