09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login

Australia Tour

0
Price
From$3,350
The tour is not available yet.

Proceed Booking

Save To Wish List

Adding item to wishlist requires an account

410

Why Book With Us?

  • No-hassle best price guarantee
  • Customer care available 24/7
  • Hand-picked Tours & Activities
  • Free Travel Insureance

Get a Question?

Do not hesitage to give us a call. We are an expert team and we are happy to talk to you.

09 782010000

info@businessplustravel.com

11 Days
Availability : April 11- April 21
Yangon
Australia

Australia Tour

0
  • 11 Days
  • April 11 - April 21
  • Pickup: Airpot

Departure & Return Location

Yangon International Airport

Departure Time

3 Hours Before Flight Time

Price Includes

  • Air fares
  • 3 Nights Hotel Accomodation
  • Tour Guide
  • Entrance Fees
  • All transportation in destination location

Price Excludes

  • Guide Service Fee
  • Driver Service Fee
  • Any Private Expenses
  • Room Service Fees
Photos
Itinerary

Day (1) (April 11, 2020) Departure Yangon

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ကြိုဆိုအပ်ပါတယ်။
ရင်ခုန်စိတ်လှုပ်ရှားစရာများနှင့် သြစတြေးလျခရီးစဉ်စတင်ဖို့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နွေးထွေးပျူငှာတဲ့ Tour Leader နှင့်အတူ ဆုံတွေ့ပြီးနောက် ရန်ကုန်- စင်္ကာပူ – ဆစ်ဒနီမြို့သို့၊ သွားရောက်မှာဖြစ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်မှာ ည(၆:၃၀)နာရီဖြစ်ပါတယ်။ လေယာဉ် ပျံသန်းချိန်(၃)နာရီကြာမြင့်ပြီးနောက်၊စကာၤပူလေဆိပ်သို့ဆိုက်ရောက်မှာဖြစ်ပါတယ် ဒေသစံတော်ချိန် မနက် (၁၂:၄၅) နာရီတွင်ဆစ်ဒနီမြို့သို့ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ လေယာဉ်ပျံသန်းချိန်မှာ(၇:၃၅)နာရီကြာမြင့်မှာဖြစ်ပါတယ်။

Day (2) (April 12, 2020) Arrival Sydney & City tour

နံနက်(၁၀:၂၅)တွက် ဆစ်ဒနီလေဆိပ်သို့ဆိုက်ရောက်မှာဖြစ်ပြီး၊ ထိုမှတဆင့် လေဆိပ်ထဲတွင်ပေါ့ပေါ့ပါးပါး နံနက်စာသုံးဆောင်ပြီးနောက်၊ နံနက် (၉:၀၀) နာရီတွင် ဆစ်ဒနီကဇာတ်ရုံ (Sydney Opera House) သို့လည်းကောင်း၊ ဆစ်ဒနီဆိပ်ကမ်းတံတား (Sydney Harbor Bridge)နှင့် သမိုင်းဝင် နေရာများ ဖြစ်သည့် St Mary’s Cathedral, Hyde Park, King Cross များသို့လည်း ရောက်ရှိမှာဖြစ်ပြီး၊ ထို့နောက် နေ့လည်စာအား (၁၂း၃၀)တွင် ကိုးရီးယား ဟော့ပေါ့ဘူဖီးဖြင့်သုံးဆောင်ပြီးနောက်၊ နေ့လည်(၁း၃၀)တွင် ဆစ်ဒနီ၏ အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ Sydney Tower Eye 4D ရုပ်ရှင်ကြည့်ပြီး၊ Observation အပေါ်ထပ်ထိပ်သို့တက်ရောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် မြို့တော်ခန်းမ၊ ဝိတိုရိယဘုရင်မအဆောက်အအုံနှင့် Westfield ရှော့ပင်းစင်တာ များသို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် တရုတ်ထမင်းဟင်းဖြင့် ညနေ(၅:၀၀)နာရီတွင်သုံးဆောင်ပြီးနောက် ဆစ်ဒနီ၏ အချက်အချာတွင် ရှိသည့် Novotel Sydney Central ဟိုတယ်တွင် ညနေ(၆:၀၀)နာရီခန့်တွင်တည်းခိုအနားယူမှာဖြစ်ပါတယ်။

Day (3) (April 16, 2020)SYDNEY: Blue Mountains Tour

နံနက်(၇:၀၀)နာရီဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ (၈:၀၀)နာရီတွင် သားပိုက်ကောင်လေးများ၊ ကွာလာလေးများနှင့် သြစတြေးလျ၏ တောရိုင်း တိရစ္ဆာန်များရှိရာ Feather dale Wildlife Park သို့ သွားရောက်လည်ပတ်ပြီးနောက်၊ ပန်းပေါင်းစုံနှင့် တိရိစ္ဆာန်မျိုးစုံတည်ရှိရာ Blue Mountains အပန်းဖြေကုန်းမြင့်/တောင်တန်းဒေသသို့ သွားရောက်မှာဖြစ်ပါတယ်။ တရုတ်စားသောက်ဆိုင်တွင် နေ့လည်စာအား (၁၂:၀၀)နာရီတွင်သုံးဆောင်ပြီးနောက်၊ Echo Point သို့လည်းကောင်း၊ Three Sisters ကျောက်ဆောင်များသို့လည်းကောင်း လည်ပတ်ရောက်ရှိမှာ ဖြစ်ပါတယ်။ Blue Mountain တောင်ပေါ်ရှိ Scenic World တွင်၊ ကောင်းကင်ကြိုးရထား- Skyway, Railway, Walkway နှင့် Cableway များအား အကန့်သတ်မရှိ စီးနှင်းလည်ပတ်မည့်အပြင်၊ ထိုမှတဆင့် ညနေစာအား International Buffet ဖြင့်သုံးဆောင်ပြီး၊ ဆစ်ဒနီမြို့ရှိ Novotel Sydney Central ဟိုတယ်တွင် ဒုတိယညထပ်မံ တည်းခိုအနားယူမှာဖြစ်ပါတယ်

Day (4) (April 17, 2020) Sydney City Tour- fly to Melbourne

နံနက်(၇:၀၀)နာရီတွင် ဟိုတယ်နံနက်စာသုံးဆောင်ပြီးနောက်၊ (၈:၃၀)တွင်ကားပေါ်တွင် အိတ်တင်ပြီး၊ လှိုင်းစီးပြီး အပန်းဖြေသည့် နေရာများဖြစ်သော Bondi နှင့် Manly ကမ်းခြေများသို့ သွားရောက်လည်ပတ် အပန်းဖြေမှာဖြစ်ပါတယ်။ လှိုင်းစီး၊ ရေကူးအနားယူပြီးနောက်၊ နေ့လည်(၁၂:၃၀)တွင် အိန္ဒိယ ထမင်းဟင်းဖြင့် နေ့လည်စာသုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် လေယဉ်စီးရန်အတွက် လေဆိပ်သို့သွားရောက်မှာဖြစ်ပါတယ်။ မယ်လဲဘုန်းသို့ လေယဉ်ထွက်ခွာချိန်မှာ ညနေ(၃:၃၀) ဖြစ်ပြီး၊ ပျံသန်းချိန်တစ်နာရီခွဲခန့်ကြာပြီးနောက်၊ ညနေ(၅:၀၅)နာရီတွင် မဲလ်ဘုန်းလေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက်၊ မဲလ်ဘုန်းမြို့အား စတင်လည်ပတ်မှာဖြစ်ပြီး၊ St. Patrick Cathedral; ပါလီမန်အိမ်နှင့် တောင်ဘက်ကမ်းရိုးတန်း ဖျော်ဖြေရေး Complex နှင့် တရုတ်တန်းများသို့ လည်ပတ်ပြီးနောက်၊ ညနေ(၈:၀၀)နာရီတွင် ထိုင်းအစားသောက်ဖြင့် ညနေစာ သုံးဆောင်ပြီးနောက်၊ ဟိုတယ်သို့ပြန်ကာ တည်းခိုအနားယူမှာ ဖြစ်ပါတယ်။

Day (5) (April 18, 2020) Melbourne City Tour- Philip Island

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ နံနက်(၁၁:၀၀)နာရီတွင်မဲလ်ဘုန်းမြို့၏ အထင်ကရနေရာများသို့ စတင်လည်ပတ်မှာဖြစ်ပြီး၊ သမိုင်းဝင်နေရာများ၊ ဝိတိုရိယဘုရင်မဈေး၊ ဖလင်ဒါလမ်းဘူတာ၊ တော်ဝင်ပန်းခြံများသို့လည်ပတ်ပြီးနောက်၊ ထိုမှတဆင့် နေ့လည်စာသုံးဆောင်ပြီးနောက် မဲလ်ဘုန်းပင်ဂွင်းငယ် လေးများ အုပ်စုလိုက် ချီတက်ရာနှင့်နေထိုင်ရာ ဖိလစ်ကျွန်းပေါ်သို့သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ ကမ္ဘာ့အစွန်ဆုံး Point Grant ရှိ The Nobbies Centre သို့လည်းကောင်း၊ သားပိုက်ကောင်လေးများအား သဘာဝအတိုင်း နေထိုင်မှုများကို အနီးကပ်မြင်တွေ့ခွင့်ရမှာဖြစ်ပြီး၊ ထိုမှတဆင့် ကမ္ဘာ့အသေး ငယ်ဆုံးပင်ဂွင်းငယ်လေးများ၏ ပင်လယ်ပြင်ပေါ်မှ ကျွန်းပေါ်အိမ်အပြန်ခရီးအား ည(၉:၃၀)ထိအနီးကပ်ကြည့်ရှုပြီးနောက်၊ ဖိလစ်ကွန်းမှ မဲလ်ဘုန်းရှိ တည်းခိုသည့်ဟိုတယ်သို့ပြန်ကာ တည်းခိုအနားယူမှာဖြစ်ပါတယ်။ ဟိုတယ်ပြန်ရောက်ချိန်မှာ ည(၁၁:၀၀)နာရီဝန်းကျင်ဖြစ်မှာ ဖြစ်ပါတယ်။

Day (6) (April 13, 2020) Melbourne Great Ocean Road & 12 Apostles

နံနက်(၇:၀၀)နာရီတွင် ဟိုတယ်နံနက်စာသုံးဆောင်ပြီးနောက်၊ (၈:၀၀)နာရီတွင်ကမ္ဘာကျော် Great Ocean Road ခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။ အလွန် စိတ်လှုပ်ရှားစေသော သမုဒ္ဒရာ ကမ်းရိုးတန်းနှင့်အတူ မပျက်မစီးတည်ရှိသောသဘာဝကမ်းခြေများ၊ စိုစွတ်သည့်အပူပိုင်းဒေသမှ သစ်တောကြီးများ၊ နှစ်လိုဖွယ်အလွန်ကောင်းသော ပင်လယ် ကမ်းခြေမြို့ငယ်လေးများနှင့် မရောက်အဖြစ် 12 Apostles များသို့ရောက်ရှိမြင်တွေ့ရမှာဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေသို့ ရိုက်ခတ်သည့်လှိုင်းများနှင့် နာမည်ကြီးလှိုင်းစီးသည့်နေရာများမြင်တွေ့ရမှာဖြစ်ပြီး၊ အပန်းဖြေ ပင်လယ်ကမ်းခြေ Apollo Bay တွင်ရပ်နားပြီး နေ့လည်စာသုံးဆောင်မှာဖြစ်ပါတယ်။ ထို့နောက် လှပသည့်အပူပိုင်းသစ်တောအား ဖြတ်သန်းပြီးနောက် Port Campbell National Park ရှိ 12 Apostles တွင် လေညှင်းခံရင်း လည်ပတ်မှာဖြစ်ပါတယ်။ ထိုမှတဆင့် ကုန်းတွင်းပိုင်းလမ်းဖြင့် မဲလ်ဘုန်းသို့ပြန်ကာ၊ ညနေစာသုံးဆောင်ပြီးနောက်၊ မဲလ်ဘုန်းမြို့တွင် တတိယည ထပ်မံတည်းခိုအနားယူမှာဖြစ်ပါတယ်။ (ဤခရီးစဉ်မှာ တစ်နေကုန်ကြာမြင့်မှာဖြစ်ပါတယ်။)

Day (7) (April 14, 2020) Fly to Gold Coast, Relax at World famous Suffers Paradise

နံနက်(၇:၀၀)နာရီတွင် ဟိုတယ်နံနက်စာသုံးဆောင်ပြီးနောက်၊ အမျိုးသားရုက္ခဗေဒဥယျာဉ်၊ ဗီမာန်၊ အနုပညာပြခန်းမ၊ ဖလင်ဒါလမ်းဘူတာများသို့ လည်ပတ် ပြီးနောက်၊ နေ့လည်(၁:၀၀)နာရီတွင် International Buffet + Seafood buffet ဖြင့်နေ့လည်စာသုံးဆောင်ပြီးနောက်၊ လေယဉ်စီးရန်အတွက် မဲလ်ဘုန်း လေဆိပ်သို့သွားရောက်မှာဖြစ်ပါတယ်။ ညနေ(၅:၂၀)ထွက်ခွာမည့်လေယဉ်ခရီးဖြင့်၊ (၂)နာရီဝန်းကျင်လေယဉ်စီးပြီးနောက်၊ ညနေ(၇:၂၅)တွင် ပျော်ရွှင်စိတ်လှုပ်ရှားစရာများနှင့် Gold Coast ကမ်းခြေအပန်းဖြေမြို့တော်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ လေဆိပ်တွင်ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမှာဖြစ်ပြီး၊ ထိုမှတဆင့် ညနေ(၈:၃၀)တွင် တရုတ်စားသောက်ဆိုင်တွင်ညနေစာသုံးဆောင်မှာဖြစ်ပါတယ်။ Gold Coast မြို့၏အချက်ချာ အကျဆုံးနေရာဖြစ်သည့် Novotel Suffer Paradise ကမ်းခြေဟိုတယ်တွင် တည်းခိုအနားယူမှာဖြစ်ပါတယ်။ Night Life လည်ပတ်လိုသူများအနေဖြင့် လမ်းလျှောက်ပြီး လည်ပတ်စရာများ၊ ဖျော်ဖြေရေးများ၊ ပျော်စရာများနဲ့ ပြည့်လျှံနေသည့် Suffer Paradise ကမ်းခြေတွင်အနားယူကြမှာ ဖြစ်ပါတယ်

Day (8) (April 15, 2020) Sea World (option: Helicopter ride) – Suffers Paradise activity

နံနက်(၈:၀၀)နာရီတွင် ဟိုတယ်နံနက်စာသုံးဆောင်ပြီးနောက်၊ ပင်လယ်ကြီးတစ်ခုလုံးအသက်ရှိလာသလိုတွေ့ကြုံခံစားရမှာဖြစ်တဲ့ ပင်လယ်ကမ္ဘာ (Seaworld) သို့ သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ လင်းပိုင်များနှင့် ပင်လယ်ဖျံကြီးများပြပွဲနှင့် မြင်ကွင်းများအား အလွန်အံ့သြဖွယ်မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ နေ့လည်စာအား Seaworld ဥယျာဉ်ထဲရှိ Food cord တွင်သုံးဆောင်မှာဖြစ်ပါတယ်။ (Helicopter စီးမည့်သူများအတွက်၊ အပေါ်စီးမှ Gold Coast နှင့် Suffers Paradise ကမ်းခြေတစ်ခုလုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ Helicopter လက်မှတ်မှာ မိမိကိုယ်တိုင် လက်မှတ်ကောင်တာတွင် ဝယ်ယူရရှိမှာ ဖြစ်ပါ တယ်။) ထိုမှတဆင့် တည်းခိုသည့်ဟိုတယ်သို့ပြန်ကာ၊ ညနေစာအား တရုတ်စားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက်၊ ညနေပိုင်းအချိန်များမှာ Suffers Paradise ကမ်းခြေတွင် Speed Boat စီးခြင်း၊ ကမ်းခြေတွင်လေထီးစီးခြင်း၊ မီးပုံးပျံစီးခြင်းများ၊ Jet Boat စီးခြင်းများအားမိမိစိတ်တိုင်းကျ အပန်းဖြေ အနားယူချိန်များဖြစ်ပါသည်။ မိမိစီးနင်းလိုသည်များကို မိမိတို့ဟိုတယ်တွင်၊ စိတ်ကြိုက်လက်မှတ်များဝယ်ယူရရှိမှာဖြစ်ပါတယ်။

Day (9) (April 19, 2020) Movie World- Sigh Seeing

နံနက်(၈:၀၀)နာရီတွင် ဟိုတယ်နံနက်စာသုံးဆောင်ပြီးနောက်၊ သက်ဝင်လှုပ်ရှားနေတဲ့ ရုပ်ရှင်ကမ္ဘာတခုကို ရောက်သွားသလို ခံစားရစေမယ့် Movie World သို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ Scooby-Doo၊ ရိုလာကိုစတာစီးမလား၊ စူပါမင်းလိုပျံဝဲမလား၊ ကိုယ့်ရဲ့အကြိုက်ဆုံးနာမည်ကြီးသရုပ်ဆောင် များ၊ သူရဲကောင်းကြီးများကို မြင်တွေ့ပြီး၊ အပျော်တွေထဲမှာနစ်မွန်းသွားမှာဖြစ်ပါတယ်။ စတန့်ပြကွက်များ၊ ရုပ်ရှင်ပြကွက်များစွာ တင်ဆက်မှုများအား မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။ ထိုမှတဆင့် Gold Coast အပန်းဖြေဒေသတစ်ခုလုံးအား လိုက်လံကြည့်ရှုလေ့လာပြီးနောက်၊ Varsity အိုင်၊ Robina ဈေးဝယ်စင်တာများသို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ထို့နောက် လှပသာယာတဲ့ Suffer Paradise ကမ်းခြေတွင် တတိယည ထပ်မံတည်းခို အနားယူမှာဖြစ်ပါတယ်။

Day (10) (April 20, 2020) Brisbane City tour & midnight Departure

နံနက်(၇:၃၀)တွင် ဟိုတယ်နံနက်စာသုံးဆောင်ပြီးနောက်၊ (၈:၃၀)တွင်အိတ်များစတင် တင်ဆောင်ကာ၊ (၈:၄၅)တွင် ဘရေ့စ်ဘိန်းမြို့သို့ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဘရေ့စ်ဘိန်းမြို့၏အထင်ကရနေရာများဖြစ်သည့် Southbank Parklands မြစ်ကမ်း၏အလှပများ၊ King George Square, Queen Street Mall များသို့ လည်ပတ်အပန်းဖြေအနားယူ၊ ဈေးဝယ်ပြီးနောက်၊ တရုတ်ဟင်းလျာများဖြင့်နေ့လည်စာသုံးဆောင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် မောင့်ကုသာ (MT COOT-THA) ရှုခင်းသာတောင်ပေါ်မှ ဘရေ့စ်ဘိန်းမြို့၏ရင်သပ်ရှုမောဖွယ်အလှမျာနှင့် Moreton ပင်လယ်အော်မြင်ကွင်းများအား ကြည့်ရှုခံစားပြီးနောက်၊ Direct Factory Outlet မောလ်သို့သွားရောက်ကာ အားရပါးရဈေးဝယ်မှာဖြစ်ပါတယ်။ ထို့နောက် Chinese Banquet dinner သုံးဆောင်မှာဖြစ်ပြီး၊ ညပိုင်း (၈:၃၀)တွင် လေယဉ်စီးရန်အတွက် ဘရေ့စ်ဘိန်းလေဆိပ်သို့ သွားရောက်မှာဖြစ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်မှာ ညသန်းခေါင် (၁၁:၅၀)နာရီဖြစ်ပါတယ်။ ပျံသန်းချိန်(၈:၃၀)နာရီ ဝန်းကျင်ကြာမြင့်ပြီးနောက် စင်္ကာပူလေဆိပ်သို့ဆိုက်ရောက်မှာဖြစ်ပါတယ်။

Day (11) (April 21, 2020) Arrival Yangon via Singapore

စင်္ကာပူလေဆိပ်သို့နံနက်(၅:၄၅)နာရီတွင်ဆိုက်ရောက်မှာဖြစ်ပြီး၊ နံနက်(၇:၅၅)နာရီတွင်ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။ ပြန်သန်းချိန်(၃)နာရီနီးပါးကြာမြင့်ပြီးနောက်၊ နံနက်(၉:၂၀)နာရီတွင် ရန်ကုန်လေဆိပ်သို့ပြန်လည်ဆိုက်ရောက်မှာဖြစ်ပါတယ်။ ရရှိခဲ့တဲ့ အမြင်သစ်၊ ဗဟုသုတများ၊ ရင်ခုန်ပျော်ရွှင်ခဲ့ရတဲ့အတွေ့အကြုံများနဲ့ သြစတြေးလျခရီးစဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရောက် တွင် ခရီးစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။