09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login

တစ်ကြိမ်တစ်ခါလောက်တော့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ Scandinavia နိုင်ငံများ

သိပ်ကိုလှတဲ့ တောတောင်သဘာဝရှူခင်းကြီးတွေ ခမ်းနာကြီးကျယ်တဲ့ ဥရောပရဲ့ မျက်နှာဖုံး မြိုတော်ကြီးတွေရဲ့ လှပတဲ့ ပုံတွေကိုတွေ့ရမှာပါ။ Scandinavia နိုင်ငံတွေဆိုတာက ကမ္ဘာမှာ ဆောင်းဥတုရဲ့ ဒဏ်ကိုခံစားရဆုံး ဥရောပမြောက်ပိုင်းကျွန်းဆွယ်ပေါ်က ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်နိုင်ငံတွေဖြစ်ပါတယ်။

ခရီးသွားရ ချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ Scandinavia နိုင်ငံတွေကို အနည်းဆုံး တစ်ကြိမ်တစ်ခေါက်တော့ သွားရောက်လည်ပတ်ဖို မဖြစ်မနေ ကြိုးစားသင့်တာမျိုးပါ။ စိတ်ဝင်စားစရာကောင်းတာတွေ စကင်ဒီးနေးဗီးယား မှာရှိနေပါတယ်…။

Scandinavia

အခုခေတ်မျိုးမှာ တိုင်းပြည်တစ်ခု ချမ်းသာတာကို ရုပ်ဝတ္တုငွေကြေးတွေနဲ့ တိုင်းတာလာတာမျိုးထက် တိုင်းသူပြည်သားတွေရဲ့ ပျော်ရွှင်မှု၊ စိတ်အေးချမ်းစွာနေထိုင်နိုင်မှု၊ ရာဇဝတ်မှုနည်းပါးမှုတွေကိုထည့်သွင်း စဉ်းစားလာကြပါတယ်။

Scandinavia နိုင်ငံသားတွေဟာ ကမ္ဘာမှာ လောဘအနည်းဆုံးနဲ့ စိတ်ထားပြည့်ဝမှု အရှိဆုံးတိုင်းပြည်လို ကမ္ဘာက သမုတ်ကြပါတယ်၊ စနစ်တကျပြုစုထားတဲ့ စစ်တမ်းတွေ စာစောင်တွေကလည်း ဒီအချက်ကို သက်သေပြထားကြတဲ့အတွက် ဒီနိုင်ငံသားတွေဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးဖြစ်နေတာ ဘယ်သူမှ မငြင်းဆိုနိုင်ပါဘူး…

သတင်းစာတွေကလည်း ဒီအကြောင်းကိုထုတ်ဖော်ထားတာတွေရှိပါတယ် …။ ဘာကြောင့်များ သူတိုတွေ စိတ်ချမ်းသာသာ နေနိုင်ကြသလဲဆိုတာ


(၁) ပြည်သူလူထုကို စိတ်အေးချမ်းမှုပေးနိုင်တဲ့ လူမှုလုံခြုံ ဖူလုံရေးစနစ်


တိုင်းပြည်ကလည်း ချမ်းသာတာကြောင့် အစိုးရတွေက နိုင်ငံသားတွေအတွက် စိတ်မှာ ဆင်းရဲ စိုးရိမ်ပူပန်မှု မရှိရလေအောင် လူမှုလုံခြုံရေးဝန်ဆောင်မှုတွေကို အခမဲ့ပေးထားပါတယ်။ အေးချမ်းစွာအိုမင်းမှုအတွက် အစိုးရကစီစဉ်ပေးထားတယ်။

နေမကောင်း နာမကျန်းဖြစ်မှုတွေအတွက် သက်သက်သာသာ ဆေးကုသမှုခံနိုင်တဲ့ ဆေးရုံတွေရှိတယ်။ ဆာလောင်မှုတွေမခံစားရအောင် ထောက်ပံ့ပေးပါတယ်။


(၂) အလုပ်အကိုင် အဆင်ပြေစေမှု

အလုပ်အကိုင် ရှားပါးမှုမရှိဘူး၊ အလုပ်မဲ့ကာလတွေမှာ ထောက်ပံ့ပေးတယ်၊ အချိန်အကြာကြီး အလုပ်မဲ့မဖြစ်ရလေအောင် လုပ်ငန်းခွင်အတွေ့အကြုံ သင်ကြားပေးမှုတွေ အခမဲ့ပေးပါတယ်။ အလုပ်ရှိနေတဲ့ သူတစ်ယောက်အတွက် စိတ်လုံခြုံမှု ရှိတာပဲဖြစ်ပါတယ် ဆိုတာ အစိုးရတွေ ကကောင်းကောင်း ယူဆထားပုံထင်ပါတယ်။

Scandinavia

(၃) မိသားစုအတွက်အချိန်ပေးနိုင်မည့် အစီအစဉ်တွေ

ရုံး၊ အလုပ်နားရက်တွေကို အပြည့်အဝပေးထားပြီး မိသားစုနဲ့ ကလေးတွေအတွက် အချိန်ပိုပေးဖို အစိုးရက တစ်ချိန်လုံးတိုက်တွန်းနှိးဆော်ထားတာပါ။ ပျော်ရွှင်တဲ့ မိသားစုတွေကနေ အကောင်းမြင်တတ်တဲ့ မျိုးဆက်တွေ မွေးထုတ်နိုင်ဖို ရည်မှန်းထားပုံရပါတယ်။


(၄) သဘာဝနဲ့ ပိုနီးစပ်အောင်နေကြတယ်
ကိုယ်ပိုင်ကားတွေ အသုံးပြုတာနည်းပြီး လမ်းလျှောက်၊ စက်ဘီးစီးတဲ့သူတွေ ပိုများတာ တွေ့ရပါတယ်။ GYM ခန်းမထဲမှာ ပြေးနေရတာထက် တောင်းတန်းတွေ မြက်ခင်းတွေကြားမှာ အပြေးအားကစားလုပ်ရတာ ပိုကြိုက်နှစ်သက်တဲ့ နိုင်ငံသားတွေပါ။ အများပြည်သူသွားလာရေး စနစ်တွေကလည်း ကောင်းမွန်ပြီး သပ်ရပ်သန့်ရှင်းကြပါတယ်။

Scandinavia
(၅) အခမဲ့ပညာရေးစနစ်
ပညာရေးစနစ်ဟာ အခမဲ့ဖြစ်ပြီး ကလေးငယ်တွေကိုပျော်ရွှင်မှု၊ ဖန်တီးတတ်မှုတွေကို အခြေခံထားတာဖြစ်ပါတယ်။ သူတိုနိုင်ငံသားတွေဟာ တက္ကသိုလ်ပညာရေးထိ အခမဲ့တက်ရောက်ခွင့်ရှိတာလည်းဖြစ်ပါတယ်။


(၆) ရာဇဝတ်မှုတွေမရှိသလောက်နည်းပါး
ကမ္ဘာမှာ ရာဇဝတ်မှုမရှိဆုံး နိုင်ငံတွေဟာ Scandinavia နိုင်ငံတွေပါပဲ။
စိတ်ချမ်းသာစရာကောင်းတဲ့နိုင်ငံမှာ သူတိုတွေရဲ့အပြုံးတွေဟာ ပိုပြီးနွေးထွေးအေးချမ်းနေမှာပါပဲ။ မိတ်ဆွေလည်း အဲ့ဒီကို အလည်အပတ်ရောက်ရင် Scandinavia နိုင်ငံသားတွေကို ပြုံးပြနှုတ်ဆက်ခဲ့ဖို မမေ့နဲ့နော်…