09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login
09 782 010 000 contact@businessplustravel.com

Login

Sign Up

After creating an account, you'll be able to track your payment status, track the confirmation and you can also rate the tour after you finished the tour.
Username*
Password*
Confirm Password*
First Name*
Last Name*
Birth Date*
Email*
Phone*
Country*
* Creating an account means you're okay with our Terms of Service and Privacy Statement.
Please agree to all the terms and conditions before proceeding to the next step

Already a member?

Login

Passport / Visa နဲ့ ပတ်သတ်ပြီး မဖြစ်မနေသိထားသင့်တဲ့အချက်များ

Visa Passport Requirements

ကိုယ်ဟာ ကမ္ဘာပတ်ဖို့ အစီအစဉ်တစ်ခုဆွဲနေပြီဆိုရင်တော့ passport, visa requirements နဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို အနည်းဆုံးတော့ သိထားသင့်တယ်နော်။ တစ်ချို့သော နိုင်ငံတွေက Visa မလိုအပ်သလို တစ်ချို့နိုင်ငံတွေကျတော့ ရက် ၉၀ ထက် ပိုနေရင် Visa လိုအပ်ပါတယ်။ တစ်ချို့နိုင်ငံတွေကျပြန်တော့ ကိုယ့်ရဲ့ passport နဲ့ သူတို့နိုင်ငံရဲ့ တချို့သောအချက်တွေနဲ့ ညှိခဲ့ရင် ဝင်ခွင့်မရအောင် ဆိုင်ငံ့ထားတတ်ပါတယ်။ အခု Passport, Visa Requirements နဲ့ပတ်သက်လို့ သိသင့်တဲ့ အချက်လေးတွေကို ပြောပြမယ်နော်။

နိုင်ငံတော်တော်များများကိုသွားဖို့ Passport ကိုစစ်တဲ့ အခါ အဲ့သည် Passport ရဲ့ သက်တမ်း အနည်းဆုံး ၆ လ အထက် ရှိမရှိကို ကြည့်ပါတယ်။ တကယ်လို့ ကိုယ့် Passport က ၆ လအထက် သက်တမ်းကျန်နေတယ်ဆိုရင်တော့ အဲ့သည်ကာလအတွင်းမှာ ကိုယ့်ရဲ့ ခရီးအစီအစဉ်ကို သေချာချမှတ်ထားသင့်ပါတယ်။ ခရီးစဉ်အတွင်းမှာ အပြောင်းအလဲတွေနဲ့ အချိန်ကြန့်ကြာတာတွေ ဟာ ဖြစ်တတ်ပါတယ်။

ပြီးတော့ Passport ကိုကြည့်တဲ့နေရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူတာတွေရှိပါတယ်။
အီတလီ ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန် တို့က ဥရောပရဲ့ Schengen Area မှာပါဝင်ကြပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Passport မလိုဘဲ လှည့်လည်သွားလာနိုင်ပြီး Schengen Area အပြင်ကနေ သူတို့ နိုင်ငံတွေကို ဝင်မယ်ဆိုရင်တော့ Passport သက်တမ်း အီတလီက ၆ လ ၊ ပြင်သစ်က ၃ လ ၊ ဆွစ်ဇာလန်က ရက် ၉၀ စသဖြင့် ကွဲပြားပါတယ်။

နောက်တစ်ချက်ကတော့ Passport ထဲက စာရွက်အလွတ်ပါ ။ ခရီးမထွက်ခင် Passport စာအုပ်ထဲမှာ စာရွက်အလွတ်ကျန် ၊ မကျန် စစ်ဖို့က အရေးအကြီးပါတယ်။ စာရွက်လွတ်မကျန်တော့ရင်တော့ Passport အသစ်လုပ်ပြီးမှ ခရီးထွက်တာအကောင်းဆုံးပါပဲ။ တံဆိပ်ခေါင်းကပ်ဖို့အတွက် တချို့သော နိုင်ငံတွေက စာရွက်အလွတ် ၁ ရွက် ၊ တချို့က ၂ ရွက် စသဖြင့် လိုအပ်တတ်ပါတယ်။

နောက်တစ်ခါ ဝင်ခွင့်ပုံစံအမျိုးမျိုးရှိတဲ့ နိုင်ငံတွေပါ။ တကယ်လို့ ကိုယ်က နောက်လာမယ့်နှစ်တွေအတွင်းမှာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ လှည့်ပတ်ပြီးခရီးထွက်မယ်ဆိုရင် Multiple Entry Visa တွေအကြောင်းကို သိထားသင့်ပါတယ်။ အလုပ်ကိစ္စနဲ့လား ၊ အပျော်ခရီးနဲ့ဆိုပြီး Visa တွေကို ခွဲခြားထားပါတယ်။ အိန္ဒိယဆိုရင် အလုပ်ကိစ္စနဲ့ပတ်သက်လို့ အကြာကြီးနေနိုင်တဲ့ Visa ခွင့်မပြုပါဘူး။ ဒါကြောင့် အဲ့သည်လို နိုင်ငံတွေမှာ အလုပ်ကိစ္စနဲ့ အချိန်အကြာကြီး သွားနေထိုင်မယ်ဆိုရင် သီးသန့် ပေးချေမှုတွေ ထပ်လုပ်ရပါတယ်။

တော်တော်များများနိုင်ငံတွေမှာတော့ ကိုယ့်ရဲ့ Visa ဟာ Passport သက်တမ်းကိုလိုက်ပြီး အသုံးပြုခွင့် ကုန်ဆုံးတတ်ပါတယ်။ China, India, Saudia Arabia, and Brazil စတဲ့ နိုင်ငံတွေမှာ တော့ Passport အသစ်ရယ် ၊ အရင်က Passport အဟောင်းနဲ့ တွဲလျက်ပါရှိပြီး သက်တမ်းကျန်သေးတဲ့ Visa ရယ်တို့ကို အတူတူယူပြီး ဝင်ခွင့်ရှိပါတယ်။ အရင် Passport နဲ့ တွဲလျက်ပါတဲ့ Visa ကိုတော့ နောက်အသစ်လုပ်ထားတဲ့ Passport ဆီကို လွှဲပြောင်းခွင့်မရှိပါဘူး။ ကိုယ့်ရဲ Passport အဟောင်းကို ခရီးသွားတိုင်း ကိုယ်နဲ့ မကွာဆောင်ထားပါ။

Visa အသစ်လျှောက်တဲ့အခါ လျှောက်တဲ့နိုင်ငံတွေဟာ ကိုယ့်သွားခဲ့တဲ့ ခရီးသွားမှတ်တမ်းတွေကို ကြည့်တတ်ကြပါတယ်။ အဲ့သည်မှာ ဘယ်နိုင်ငံတွေကို ကိုယ်ရောက်ခဲ့ဖူးသလဲ ။ စီးပွားရေး ၊နိုင်ငံရေး အရ ပြိုင်ဘက်နိုင်ငံတွေ ၊ မဟာမိတ်နိုင်ငံတွေ ၊ ကို ရောက်ခဲ့ဖူးလား ။ ဘယ်လောက်ကြာကြာနေခဲ့လဲ ။ ဘာသွားလုပ်ကြတာလဲ စသဖြင့် စိစစ်တတ်ကြပါတယ် ။ Visa ရရှိမှု မရရှိမှုဟာ ကိုယ့်ရဲ့ Passport အဟောင်းပေါ်မှာ အများကြီး မူတည်တတ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ Passport, Visa နဲ့ပတ်သက်တဲ့ အခြေခံသိသင့်တာလေးတွေကို ဖတ်ပြီး လူကြီးမင်းတို့ရဲ့ ခရီးအစီအဉ်တွေ ဆောင်ရွက်ရာမှာ အထောက်အကူတစ်ခုအဖြစ် ရရှိမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

ပျော်ရွှင်စရာ ခရီးလမ်းလေးများ ဖြစ်ဖို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။